ဟိုပုန်းမြို့နယ်မှ ရွာသား လယ်သမားများအား အစိုးရစစ်တပ်က ဖမ်းဆီးတရားစွဲဆိုကာ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ မတရား အပြစ်ပေး စီရင်ချက်ချမှတ်ခဲ့မှုကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ကန့်ကွက်ရှုတ်ချခြင်း

ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် မှ ထပ်မံ ဖြည့်စွက် ထုတ်ပြန်လိုက်သည့် နောက်ဆုံးပေါ် ကြေညာချက် စာအမှတ် (၂/၂၀၁၈)

၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့

ဟိုပုန်းမြို့နယ်မှ ရွာသား လယ်သမားများအား အစိုးရစစ်တပ်က ဖမ်းဆီးတရားစွဲဆိုကာ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ မတရား အပြစ်ပေး စီရင်ချက်ချမှတ်ခဲ့မှုကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ကန့်ကွက်ရှုတ်ချခြင်း

ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်မှ ရွာသား လယ်သမား ၈ ဦးတို့အား အစိုးရစစ်တပ်က ဖမ်းဆီး၍ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင် တရားစွဲဆိုကာ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ဟိုပုန်းမြို့ တရားရုံးက ထောင်ဒဏ် ၄ နှစ် မှ ၁၀ နှစ် အထိ မတရား အပြစ်ပေး စီရင်ချက်ချမှတ်ခဲ့ခြင်း အပေါ် ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချသော ထုတ်ပြန်ကြေညာချက် တစောင်ကို ယနေ့ ထုတ် ပြန်လိုက်ပါသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်အတွင်း အစိုးရ စစ်တပ် နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တို့ အကြား ထိတွေ့ တိုက်ပွဲ တရပ် ဖြစ်ပွါးခဲ့ပါသည်။ ထိုတိုက်ပွဲ နောက်ပိုင်းကာလ၌ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ် မတော် နှင့် အဆက်အသွယ်ရှိသူများ ဟူသည့် သံသယ ဖြင့် ရွာသား လယ်သမားအချို့တို့အား အစိုးရ စစ်တပ်က သက်သေ အထောက်အထားမဲ့ စွပ်စွဲ ဖမ်းဆီးကာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှ စ၍ ချုပ်နှောင် ထိန်းသိမ်းထားမှု ပြုခဲ့ပါသည်။ ထို့အပြင် အစိုးရစစ်တပ်သည် ထိုနယ်မြေဒေသအတွင်းသို့ တပ်သား ရာပေါင်းများစွာ ထပ်မံ ပို့လွှတ် အင်အားဖြည့်တင်းပြီး ရွာသားများ လယ်သမားများအား မျှတစွာ စိစစ် ခွဲခြားမှု မပြုဘဲ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်ကို ဆက်သွယ် အားပေး အထောက်အပံ့ပြုသူများ ဟု တဖက်သတ်စွပ်စွဲကာ ရွာသား လယ်သမားများအပေါ် မတရား ဗိုလ်ကျ အနိုင်ကျင့်မှု ဖိနှိပ် အကြမ်းဖက် မှု နှိပ်စက် ညှဉ်းပမ်းမှု လူ့အခွင့်အရေးဖေါက်ဖျက်မှု များ ပြုလုပ် ကျူးလွန် လာခဲ့ပါတော့သည်။

ရွာသား လယ်သမားအချို့တို့မှာ ၄င်းတို့၏ နေ့စဉ်ဘဝ အသက်မွေးမှု လုပ်ငန်းသုံး ကိရိယာများဖြစ်သည့် ဝေါ်ကီတော်ကီ လမ်းလျှောက်စကားပြောစက်၊ အမဲလိုက် လက်လုပ်ရိုင်ဖယ်သေနတ် နှင့် ကျည်ဆန်များ အစရှိ သော ပစ ္စည်းအချို့ လက်ဝယ် ပိုင်ဆိုင် ထားရှိမှုဖြင့် အစိုးရစစ်တပ်၏ အပြစ်ရှာ ဖမ်းဆီးခြင်းကို ခံကြ ရပါတော့သည်။

အစိုးရစစ်တပ်က ဖမ်းဆီးထားသော ရွာသား လယ်သမားများအား ဟိုပုန်းမြို့ ရဲဌာန အချုပ်ခန်းသို့ ပို့ဆောင် ချုပ်နှောင် ထိန်းသိမ်းထားစေပြီး ဟိုပုန်းမြို့ တရားရုံးတွင် ပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲဆိုခဲ့ ပါသည်။ သို့နှင့် ထိုရွာသား လယ်သမားများတို့သည် ဟိုပုန်းမြို့ တရားရုံး၌ ၆ လကျော် ကာလရှည်ကြာ သည့်တိုင် စစ်ဆေးမှုကို အကြိမ်ကြိမ် အဖန်ဖန် ခံကြရပါသော်လည်း တရားလိုအဖြစ် တရားစွဲဆိုသူ အစိုးရစစ်တပ် ကမူ တရားရုံး၌ သက်သေခံ ထွက်ဆိုချက်ပေးရန် ရှောင်ရှားသည့် အနေဖြင့် တကြီမ်တခါမျှ လာရောက်ခဲ့ခြင်းမရှိကြောင်း သိရှိခဲ့ရပါသည်။

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဖမ်းဆီး တရားစွဲဆိုခံထားကြရသည့် ရွာသား လယ်သမားများ၏ မိဘဆွေမျိုးများ နှင့် သက်ဆိုင်ရာ ကျေးရွာ ရွာသူကြီးတို့ ဟိုပုန်း တရားရုံးသို့ ရောက်ရှိလာကြသောအခါ ၄င်းတို့၏ ရှေ့နေဖြစ်သူက ရွာသား လယ်သမားများ၏ အမှုအားလုံးတို့မှာ ပြီးဆုံးလုနီးပြီဖြစ်ကြောင်း ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ချေ အလားအလာကောင်းရှိနေသည် ဟု မျှော် လင့်ကြောင်း အားပေးစကား ပြောဆိုခဲ့သည်ကို ကြားသိကြရပါသည်။ သို့ပါသော်လည်း မကြာမှီမှာပင် ဖမ်း ဆီးခံ သူတို့၏ ဆွေမျိုးသားချင်း ရွာသား လယ်သမားများတို့ကို ဟိုပုန်းတရားရုံးက ပုဒ်မအလိုက် ထောင်ဒဏ်အသီးသီး စီရင်ချက်ချမှတ် အပြစ်ပေးခဲ့ပြီးဖြစ်ကြောင်း နှင့် ရွှေညောင်မြို့နယ် တောင်လေးလုံး အကျဉ်းထောင် သို့ ပို့ဆောင်လိုက်ပြီးပြီဟု ကြားသိခဲ့ကြရသောကြောင့် အထူး ထိတ်လန့် အံ့သြခဲ့ကြရ သည် ဟု သိရှိခဲ့ရပါသည်။ ထို့ကြောင့် ဖမ်းဆီးခံ ရွာသား လယ်သမားများ၏ မိဘ ဆွေမျိုးသားချင်းများတို့ သည် ပြစ်ဒဏ်ကျသွားသော သူတို့၏ဆွေမျိုးသားချင်းများကို အကျဉ်းထောင်သို့ မပို့ဆောင်မှီ တွေ့ဆုံ စကားပြောဆိုခွင့် အခွင့်အရေးပင် မရရှိခဲ့ပါ ဟု သတင်းများက ဆိုပါသည်။

ထိုရွာသား လယ်သမားများအပေါ် အစိုးရ စစ်တပ်က တရားစွဲဆိုခဲ့သော ဥပဒေ ပုဒ်မများ တို့မှာ – ဆက် သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ (ဝေါ်ကီတော်ကီ လမ်းလျှောက်စကားပြောစက် တရားမဝင် ကိုင်ဆောင်မှု)၊ ၁၉၅၆ ပြည်ထောင်စု မြန်မာနိုင်ငံ ကာကွယ်ရေး – အထူး စစ်ဆင်ရေး ဥပဒေ ပုဒ်မ ၃/၃ နှင့် ၅/၄ (ကန့်သတ်ထားသော စစ်ဇုံနယ်မြေအတွင်း ခွင့်ပြုချက်မဲ့ ရောက်ရှိနေမှု)၊ လက်နက် ဥပဒေ ပုဒ်မ ၁၂ (သံသယ ဖြစ်ဖွယ် အခြေအနေ အချိန်အခါတွင် တရားမဝင် လက်နက် ကိုင်ဆောင်ထားမှု)၊ ပို့ဆောင်ရေး ဥပဒေ ပုဒ်မ ၈ (မှတ်ပုံတင်မဲ့ မော်တော်ယဉ် မောင်းနှင်မှု) စသည်တို့ ဖြစ်သည် ဟု ဆိုပါသည်။

အစိုးရ စစ်တပ်က ဖမ်းဆီး တရားစွဲဆိုမှု နှင့် တရားရုံးက ပြစ်ဒဏ်စီရင်မှု ခံခဲ့ကြရသော ရွာသား လယ်သမား များတို့၏ အမည်စာရင်း၊ ပုဒ်မ နှင့် ပြစ်ဒဏ် တို့မှာ အောက်ပါ ဇယား အတိုင်း ဖြစ်ပါသည်။

စဉ် အမည် အသက် ကျေးရွာ ဖမ်းဆီး တရားစွဲသော အစိုးရ စစ်တပ် တရားစွဲဆိုသော

ဥပဒေ ပုဒ်မ

ချမှတ်လိုက်သော စုစုပေါင်း ထောင်ဒဏ်
စိုင်းကို ၃၇ ဝမ်နမ့်ခုတ် ခလရ ၂၂၅ ခလရ ၂၄၉ ဆက်သွယ်ရေးဥပဒေ ၁ နှစ်

ကာကွယ်ရေးဥပဒေ ၃ နှစ်

၄ နှစ်
စိုင်းလှထွန်း ၂၄ ဝမ်ခိုတောင်း ခမရ ၄၂၄ ဆက်သွယ်ရေးဥပဒေ ၁နှစ်

ကာကွယ်ရေးဥပဒေ ၃ နှစ်

၄ နှစ်
လုန်းအောန ၄၀ ဝမ်နမ့်ခုတ် ခလရ ၂၂၅

ခလရ ၂၄၉

လက်နက် ဥပဒေ             ၇ နှစ် ၇ နှစ်
စိုင်းစိန်တာ ၂၈ ဝမ်နမ့်ခုတ် ခလရ ၂၂၅

ခလရ ၂၄၉

လက်နက် ဥပဒေ             ၇ နှစ် ၇ နှစ်
စိုင်းစမ် ၂၉ ဝမ်ခုတ်လောင် ခမရ ၄၂၄ လက်နက် ဥပဒေ ၇ နှစ်
စိုင်းခွန် ၃၀ ဝမ်မတ်လန်း ခလရ ၂၄၉ လက်နက် ဥပဒေ ၇ နှစ်
စိုင်းပန်တ ၃၀ ဝမ်ခုတ်လောင် ခမရ ၄၂၄ ဆက်သွယ်ရေးဥပဒေ ၁ နှစ်

လက်နက်ဥပဒေ ၇ နှစ်

၈ နှစ်
လုန်းဆန်စိုင်း ၄၇ ဝမ်ကွန်ခုန်း ခလရ ၂၄၉ ပို့ဆောင်ရေးဥပဒေ ၃ နှစ်

လက်နက်ဥပဒေ ၇ နှစ်

၁၀ နှစ်

စိုင်းဝင်း၊ အသက် ၁၂ နှစ် သည် အထက်ပါ ရွာသား လယ်သမားများအား ဖမ်းဆီး စဉ်က တချိန်တည်း အဖမ်းခံခဲ့ရသူ ကလေး တယောက်ဖြစ်ပါသည်။ သူ့အား ဝေါ်ကီတော်ကီ လမ်းလျှောက် စကားပြောစက် ကိုင်ဆောင်မှု နှင့် အစိုးရစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် တလကြာ ချုပ်နှောင် ထိန်းသိမ်းမှု ခံခဲ့ရသော် လည်း ယနေ့အထိ မည်သည့် တရားစွဲဆို အရေးယူ အပြစ်ပေးခြင်း မပြုသေး ဟု သိရှိရပါသည်။

ထောင်ဒဏ် ချမှတ် အပြစ်ပေးခြင်းခံခဲ့ကြရသော ရွာသား လယ်သမား ၈ ဦး တို့၏ မိဘ ဆွေမျိုးများတို့က ဟိုပုန်းမြို့ တရားရုံးသို့ အယူခံလွှာ တင်သွင်းသွားကြရန် အစီအစဉ် ရှိကြောင်း ကိုလည်း သိရှိရပါသည်။

ထိုကဲ့သို့ အစိုးရစစ်တပ်က အပြစ်မဲ့ ရွာသား လယ်သမားများအား ဖမ်းဆီး တရားစွဲဆိုကာ အစိုးရ တရားရုံး က ထောင်ဒဏ်ချမှတ် အပြစ်ပေး အရေးယူခြင်းသည် ယနေ့ လက်ရှိ မြန်မာနိုင်ငံတွင် အမှန်တရား ကွယ် ပျောက် ဆိတ်သုန်း ကင်းမဲ့နေခြင်း ကို ပြဆိုလျက်ရှိသော ဖြစ်စဉ် တရပ် ပင် ဖြစ်ပါသည်။ ရှမ်း အရပ်သား များအတွင်း စိုးရိမ် ကြောက်ရွံ့စိတ်ကြီးထွားလာစေရန် နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်အား အင်အားတိုးချဲ့ ပိုမိုလှုပ်ရှားမှု မပြုနိုင်စေရေး ကြိုတင် ဟန့်တား ခြိမ်းခြောက်ထား ရန် ရည်ရွယ်ချက်ဖြင့် ရှမ်းရွာသား လယ်သမားများအား ဖမ်းဆီး အရေးယူခြင်း ထောင်ဒဏ်ပြင်းထန်စွာ ချမှတ်ခြင်း တို့ကို အစိုးရစစ်တပ်က တမင် ဖန်တီး၍ ကြိုးကိုင် လုပ်ဆောင်နေသည်မှာ အလွန် သိသာ ထင်ရှားလှပါသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်သည် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်သော်လည်း လက်ရှိ ကာလ လများအတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် ထိ်န်းချုပ်ထားရာ နယ်မြေများအတွင်းသို့ အစိုးရစစ်တပ်က စစ်တပ်များ အမြောက်အများ ထပ်မံ ပို့လွှတ်၍ စစ်အင်အား တိုးချဲ့မှု ပြုလုပ်နေလျက်လည်း ရှိပါသည်။

“ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်မှုပေးရေး အတွက် ဘာ လုပ်ငန်း အစီအစဉ်မှ မပါရှိပါဘူး “ ဟု ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ဆိုင် က ဆိုသည်။

“ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး သူတို့ အာဏာစက်အောက် သြဇာခံဘဝ ရောက်ရှိလာ အောင် ဖိအားပေးတဲ့ အနေနဲ့ အစိုးရစစ်တပ်က တိုင်းရင်းသား ရွာသား လယ်သမားတွေကို ဓါးစာခံ သားကောင်တွေ အဖြစ် ကိုင်တွယ် အသုံးချနေတာဘဲ ဖြစ်ပါတယ် “

ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်မှ ရွာသား လယ်သမားအချို့တို့အား အစိုးရစစ်တပ်က အတင်း ဖမ်းဆီး တရားစွဲဆိုကာ တရားရုံးမှ ထောင်ဒဏ်စီရင်ချက်ချမှတ် အပြစ်ပေးစေခဲ့မှု ဖြစ်စဉ် ကိစ ္စအပေါ် အရေးတယူ ပြု စိုးရိမ်မကင်း ဖြစ်မှုများ အလေးအနက် ထုတ်ဖေါ် ပြသကြရန် နှင့် မတရား ထောင်ဒဏ်အပြစ်ကျခံ နေကြရသော ရွာသား လယ်သမားများ တယောက်မကျန် ချွင်းချက်မရှိ အချိန်မဆိုင်းဘဲ ချက်ချင်း ပြန်လည် လွှတ်ပေးရေး အတွက် မြန်မာအစိုးရ နှင့် အစိုးရစစ်တပ် တို့ကို ၀ိုင်းဝန်း ဖိအားပေး မေတ ္တာရပ်ခံကြပါရန် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ကူညီ ထောက်ပံ့နေကြသည့် နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်း များ အားလုံးတို့ကို ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် အနေဖြင့် တိုက်တွန်း တောင်းဆို လိုက်ပါသည်။

ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်မှ ရှမ်းရွာသား လယ်သမားအချို့တို့ အစိုးရစစ်တပ်၏ ဖမ်းဆီး ချုပ်နှောင် တရားစွဲဆို ထောင်ဒဏ်ချမှတ် အပြစ်ပေး အရေးယူ ခံခဲ့ရခြင်း အသေးစိပ် ဖြစ်စဉ် နှင့် နောက်ဆုံးရ သတင်း အချက်အလက်များကို အောက်ပါ အင်တာနက် ကွန်ယက် လင့်ခ် များတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသည်။

Widespread arrests

Ongoing torture, killing, arbitrary arrests

Urgent appeal for charges to be dropped

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                  +66: 62- 941-9600    (English, Shan)

စိုင်းရွက်လွင်                  +66: 97- 143-1530    (Burmese, Shan)

စိုင်းရှဲန်တိုင်း                   +66: 94- 728-6696   (Burmese, Shan)

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်