ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ဘက်ပိုင်းရှိ တောင်သူလယ်သမားများကွန်ယက် မှ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် နောင်ဖာ ရေကာတာနှင့်် တခြားတည်ဆောက်မည့် ရေအားလျှပ်စစ်စီ မံကိန်း ရပ်ဆိုင်းရန်တောင်းဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ဘက်ပိုင်းရှိ တောင်သူလယ်သမားများကွန်ယက် မှ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် နောင်ဖာ ရေကာတာနှင့်် တခြားတည်ဆောက်မည့် ရေအားလျှပ်စစ်စီ မံကိန်း ရပ်ဆိုင်းရန်တောင်းဆို

ရှမ်းပြည်နယ် တောင်သူလယ်သမားများကွန်ယက်မှ သတင်းထုတ်ပြန်ချက် ( တန့်ယန်း )

ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၇ ခု။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ဘက်ပိုင်းရှိ တောင်သူလယ်သမားများကွန်ယက် မှ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် နောင်ဖာ ရေကာတာနှင့်် တခြားတည်ဆောက်မည့် ရေအားလျှပ်စစ်စီ မံကိန်း ရပ်ဆိုင်းရန်တောင်းဆို။

ဒီဇင်ဘာ လ ၂၃ ရက် ၂၀၁၇ ခု ရှမ်းပြည်နယ် မြို့နယ်အသီးသီးမှ ၁၇ မြို့နယ် လူအင်အား ၃၀၀ ဖြင့် သံလွင်မြစ် အပေါ်တည်ဆောက်မည့် နောင်ဖာရေ ကာတာနှင့် တခြားရေကာတာစီမံကိန်းများကို ရပ်တန့်ရန် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် ထဲတွင် အစည်းအဝေးကျင်းပသည်။

ဒီဇင်ဘာလ ၂၁-၂၂ ရက် ၂၀၁၇ တွင် တန့်ယန်း၊ လားရှှိုး၊ သိန္နီ၊ ဟိုပန်၊ ကွတ်ခိုင်၊  နမ့်ခမ်း၊ သီပေါ ၊ ကျောက်မဲ၊ လဲချား၊ ကျိုင်းတုံ၊ တာလေ၊ မိုင်းခတ်၊ မိုင်းနောင် ၊ မိုင်းယောင်း၊ ကျေးသီး၊  မိုးနဲ နှင့် နမ့်ဆန် မြို့နယ် ရှမ်းပြည်န ယ် တောင်ပိုင်း အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့မှ အင်အား ၃၀၀ ခန့်သည် နှစ်စဉ် အစည်းအဝေးကို ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟွေကျန်းကျေး ရွာအုပ်စုတွင် ကျင်းပသည်။

လယ်သမားများ ကို အခက်ခဲများစွာဖြစ်စေသည့် လယ်ယာမြေသိမ်းစည်းမှု၊ ရွှေတူးဖော်မှု၊ သတ္တုတူးဖော်မှု နှင့် ပြုလုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်း ၏ အကျိုးသက်ရောက် မှုများ အပါအဝင် ရှမ်းပြည်နယ် အသီသီး၏ လယ်သမားများ၏ အခက်အခဲများကို ဟွေကျန်းဘုန်းကြီးကျောင်း တွင် ဆွေးနွေးကျင်းပလျက်ရှိပြီး နှစ်စဉ်အ စည်း အဝေးကို ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟိုမိန်းကျေးရွာအုပ်စု ဟိုမိုင်းဘုန်းကြီးကျောင်း တွင် ၂၃ ရက် ဒီဇင်ဘာလ ၂၀၁၇ တွင်  ကျင်းပရာ သံလွင်မြစ်အပေါ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံ ကိန်း အား လုံးကို ရပ်တန့်ရန်တောင်းဆိုသည်။

ကျင်းပနေသော အခန်းအနားဦးဆောင်ပြုလုပ်သူ နှင့် ဒေသခံရွာသူရွာသား များမှ စိုင်းဘ က ”တန့်ယန်းမြို့ နယ်တွင် ကျောက်မီးသွေးတူးဖော်ခြင်း၊ မြေအသိမ်းခံရခြင်းနှင့် တန့်ယန်းမြို့မြောင်ဘက် မိုင် ၃၀ အကွာ တာဆိုင်း လိုင်၌ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် နောင်ဖ ရေအားလျှပ်စစ် ရေကာတာစီမံကိန်း စသော ပြ သသနာ အသီးသီးတို့ကို ကြုံတွေ့နေရကြောင်း။ ယခုအခာတွင် ထို ရေအားလျှပ်စစ် ရေကာတာစီမံကိန်းကြီးအတွက်သွား လာရေး လမ်းတွင် တောင်သူ လယ်သ မားတို့၏ လယ်ယာမြေများထိခိုက်ပျက်စီးမှုများရှိလာကြောင်း။ ထို့ပြင် တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် တိုင်ဆောက်ရန် နောက်ဖောက်လုပ်မည့်လမ်းသည် တောတောင်ရေမြေ သဘာဝများနှင့် လမ်းပမ်းဆ က်သွယ် ရေးများကိုလည်းထိခိုက် ပျက်စီးစေမည် ဖြစ်သည်။ တန့်ယန်း မြို့ ပြည်သူပြည်သားများ တွေးသောပူဆွေး နေရသောအကြောင်းမှာ နိုင်ငံရေးအခြေနေ တည်ငြိမ်ခြင်း မရှိသေး သောကြောင့် လက်နက်ကိုင်အဖွဲ့များနှင့် ရေအားလျှပ်စစ် ရေကာတာစီမံကိန်း လှုံခြုံရေး မြန်မာ့ တပ်မတော် အဖွဲ့အကြား မမျှော်လင့်သော တိုက်ပွဲကြီး များဖြစ်လာနိုင်ကြောင်း ”ဟု၎င်းက ဆိုသည်။

စိုင်းထမ်းအိုက် အဖွဲ့စည်း ခေါင်းဆောင်ကလည်း  “အစိုးရအဖွဲ့သည် တိုင်းသူ ပြည်သားတို့၏အသံများကို နားထော င်သင့်ကြောင်း၊ နောင်ဖ ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းနှင့် သံလွင်မြစ်ပေါ်တွင်တည် ဆောက်မည့် ရေအားလျှပ်စစ် ရေကာတာစီမံကိန်း များအားလုံး ကန့်ကွက်တားဆီး ပိတ်ပင်ခြင်းတွင် ပာဝင် ကူညီ သင့် ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ ဒေသ အဆင့်သော်လည်းကောင်း၊ ရှမ်းပြည်နယ် အဆင့်သော် လည်း ကောင်း၊ ပြည်ထောင်စု အဆင့်တွင်သော်လည်းကောင်း ကောင်းကျိုး မရှိပာဘူး၊ တရုတ်နိုင်ငံ နှင့် ထိုင်း နိုင်ငံ တို့သာ ကောင်းကျိုးရရှိမှာ၊ နယ်ခံ ပြည်သူပြည်သားတွေ အတွက်ကတော့ အိုးအိမ် လယ်ယာ မြေတွေ ရေလှွမ်းခြင်းခံရပြီး ပြောင်းရွေ့ရမယ်ဖြစ်တယ်” ဟု၎င်းကပြောသည်။

လက်ရှိ  ရေအားလှျှပ်စစ် ၅ ခု ကို သံလွင်မြစ်ပေါ်တွင် စီမံကိန်း ချထားသည်။ ထိုအထဲမှ ၁ ခုမှာ ကရင်ပြည်နယ် တွင်နှင့် တခြား တခုမှာ ကရင်နီပြည်နယ်တွင် ဖြစ်ပြီးရှမ်း ပြည်နယ် နောင်ဖာ ရေကာထာ အပါအဝင်  စီမံကိန်း ၃ ခုချထားလျက်ရှိသည်။

နောင်ဖာ ရေကာတာသည် တရုတ်နိုင်ငံ၏အစိုးရပိုင် ဖြစ်သော Hydrochina Corporation မှတည်ဆောက်မ ည် ။ ထိုနေရာသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာနေရာလည်းဖြစ်သည်။ ရေကာထာအရှေ့ ပိုင်းသည် ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)၏ နယ်မြေ ဖြစ်သည် ။ထိုရေကာထာ ၏အနောက်ဘ က်ခြမ်း ၊  ရေလှောင်တံမံ စီမံကိန်း ၏ အနောက်ဘက်ခြမ်း၌ အစိုးရစစ်တပ် နှင့် ပြည်သူ့ စစ်တို့သည် ထိုနေရာ တစ်ဝိုက် တွင် ရှိသော  ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်လပ် ရေးတပ်မတော် (KIA)၊ တအောင်းအမျိုးသားလွတ်မြှောက်ရေးတပ်မတော်  (TNLA) တို့၏ နယ်မြေ ဖြစ်၍  ဒေသရှိသဘာဝ သံယံဇာတ ကို သိမ်းပိုက်အုပ်စိုးလိုသောကြောင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွား လေ့ရှိသည်။ ထိုအဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုး ထားခြင်းမရှိပါ။

နောင်ဖာရေကာတာမှ ၁၂၀၀ မဂ္ဂါဝပ်ှရှိ လျပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဆိုပါက ရေကာတာ ၏ လျှပ်စစ် ၉၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ မည်ဖြစ်ပြီး ဒေသခံ ပြည်သူလူထုများက အကျိုးခံစားခွင့် မရသည့်အပြင်  ရေကာတာကျိုးပေါက်နိုင်မည့်အပြင် ဆိုးကျိုးများသာ ကြုံတွေ့ရမည်ဖြစ်သည်။

12 24 2017 SSFN0212 24 2017 SSFN04

ဆက်သွယ်ရန်။

စိုင်းဘ (တန့်ယန်း)           +၉၅ (ဝ) ၉၄၀-၃၇၆-၇၈၃၆

နန်းနွန်းဟွမ်                     +၉၅ (ဝ)  ၉၇၉-၂၉၈-၉၇၁၄       +၉၅ (ဝ) ၉၄၂-၅၄၀-၈၈၃၁

စိုင်းကွန်းရှဲန်                    +၆၆ (ဝ) ၆၂-၉၄၁-၉၆၀၀

PDF files:>>> Shan| Burmese| English

Videos

More Videos
Watch the video