လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း

လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း

နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၁၇ ခု။

လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အဆက်သွယ် ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၁၅ နှင့် သြဂုတ်လ ၄ ရက်နေ့ ၂၀၁၇ ကြားတွင် အစိုးရစစ်တပ်မှ တရားမဝင်ဖမ်းဆီးထားသော ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးဒေသခံ ရွာသားများ အသက် ၁၂ နှစ်အရွယ် ကောင်ကလေး အပါအဝင် ရွာသား ၉ ယောက် ကို အမှုရုပ်သိမ်းပေးရန် ရှမ်းလူ့အခွင့် ရေးမဏ္ဍိုင်မှ  တောင်းဆိုပါအပ်ပ ါ သည်။

ပူးပေါင်းပါဝင်မှု ကင်းမဲ့ပြီး ထင်သာမြင်သာမရှိသော တရားလိုဖြစ်သည့် အစိုးရစစ်တပ်၏ ရုံးချိန်းမှုကိုနှောင့်နှေးစွာပြုခြင်းဖြင့် ဟိုပုံးထောင်တွင် အရွယ်ရောက်သော ရွာသား ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထား သော်လည်း ၆ ဦးသာတရားရုံးတွင် ဆက်လက်တရားရင်ဆိုင်နေကြရသည်။

အသက် ၁၂ အရွယ် ( စကားပြောစက် ဝေါ်ကင်ထော်ကင် အမှုဖြင့်) ကောင်ကလေးကိုလည်း ဟိုပုံးထောင်တွင် ၃ ပတ်ကြာ ထိန်သိမ်းခြင်းခံရပြီး သူ့၏မိဘ ထောက်ခံမှုဖြင့်သာ ပြန်လည်လွတ်  မြောက် ပေးသည်။ သြဂုတ်လ ၅ ရက်နေ့တွင် လွတ်မြောက်ပေးသော်လည်း တရားရုံးသို့ ၁၀ ကြိမ်မက လာနေရသေး သည်။

တရားခံများသည် ရှေ့နေငှားရမ်းဖိုး၊ ထောင်တွင်းထမင်းဖိုး နှင့် ထိုမိသားစုများတွင် ရွာမှ လာရောက်ကြည့်ရှုဖို့ တစ်ရက်ကြာလမ်းစရိတ် အစရှိသည့်ကုန်ကျစရိတ်များ ခက်ခဲမှုဖြင့်ရင်ဆိုင် နေကြရသည်။ ဖမ်းဆီးမှုပြုလုပ်သည့်ချိန်တွင်းကလည်း နှိပ်စက်မှုများခံခဲ့ရပြီး တချို့မှာ ထောင်းတွင်းတွင် ကျန်းမာရေးချို့တဲ့မှုဖြင့်ကြုံတွေ့နေရသည်။

အစိုးရစစ်တပ်က အင်အားရာချီဖြင့် ဟိုပုံးမြို့နယ်၏ မြောက်ဘက်မှ တနိုင်ငံလုံးပစ်ခတ်ရပ်ဆဲရေးစာချုပ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် နှင့် ဇူလိုင်လ ၁၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားသည့်နောက်ပိုင်း ရွာသားများ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံခဲ့ရသည်။ အစိုးရတပ်သားများသည် ရွာသားများ ကိုခွဲခြားမှုမရှိဘဲ ညှင်းပန်းနှိပ်စက်ခြင်း နှင့် သူတို့ကို RCSS/SSA ကိုပံံ့ပိုးကူညီပေးသည်ဟု စွပ်စွဲသည်။

ရွာတွင်းသုံး ရွာ၏ရိုးရာဓလေ့ထားရှိသော ဝေါ်ကီထော်ကင်၊ လက်ကိုင်ဖုန်း၊ အမဲလိုက်သေနတ် နှင့် ကျည်ဆံ အစရှိသော ပစ္စည်းများကြောင့် ရွာသား ၉ ယောက်ကို ဖမ်းဆီးအရေးယူခြင်းဖြစ်သည်။ အစိုးရစစ်တပ်သည် အထောက်ထားပြည့်စုံ မှုမရှိဘဲ ရွာသားများကိုလာရောက်ဖမ်းဆီးခြင်းကြောင့် တရားရုံးတွင် တရားရင်ဆိုင်မှု စိတ်ပါဝင်စားမှုမရှိခြင်း ( သို့မဟုတ် ) မေးခွန်းများကိုဖြေကြား ရန်တွန့်ဆုတ်နေကြ သည်။

ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားခွင်တွင် အမှုရင်ဆိုင်နေရသော ရွာသား ၉ ယောက်၏အသေးစိတ်ကို အောက်တွင်ဖော်ပြထားသည်။

စဉ်       အမည်      အသက်    ဖမ်းဆီးခံရသည်နေရာ  ဖမ်းဆီးမှုုုပြုလုပ်သော အစိုးရစစ်တပ်၏ တပ်ရင်းအမည်            ယခုထိရင် ဆိုင်နေရသော တရားရုံးလုပ်ငန်းစဉ်

၁။        စိုင်းဝင်း            12      ဝမ်ခိုတောင်                 ခမရ ၄၂၄                                          ၁၀ ကြိမ်ရုံးချိန်း ( တခြား စွပ်စွဲခံရသော ရွာသားများနှင့်အတူ )

၂။         လုင်းသြန         40      ဝမ်နမ့်ခုတ်                   ခလရ ၂၂၅၊ ခလရ ၂၄၉                       အစိုးရစစ်တပ်မှ ထွက်ဆိုမှုမရှိ သေးသောကြောင့် ရုံးချိန်းမှု မရှိသေး

၃။        စိုင်းစိန်န           28      ဝမ်နမ့်ခုတ်                    ခလရ ၂၂၅၊ ခလရ ၂၄၉                    အစိုးရစစ်တပ်မှ ထွက်ဆိုမှုမရှိ သေးသောကြောင့် ရုံးချိန်းမှု မရှိသေး

၄။        စိုင်းကို              37      ဝမ်နမ့်ခုတ်                    ခလရ ၂၂၅၊ ခလရ ၂၄၉                   တရားရုံးတစ်ခေါက် တက်ရသော်လည်း အစိုးရစစ်တပ်က မေးခွန်းများငြင်းဆို

၅။        စိုင်းလှထွန်း      ၂၄        ဝမ်ခိုတောင်                  ခလရ ၄၂၄                                     ၃ ကြိမ်ရုံးချိန်း၊ အစိုးရစစ်တပ်မှ ၂ ကြိမ်ပျက်ကွက်

၆။        စိုင်းဆန်           ၂၉        ဝမ်ခုတ်လောင်              ခလရ ၄၂၄                                     ၁ ကြိမ်ရုံးချိန်း၊ အစိုးရစစ်တပ်မှ မေးခွန်းများ ဖြေကြားခြင်းရှောင်ကျည်

၇။        စိုင်းပန္ဒ            ၃၀       ဝမ်ခုတ်လောင်              ခလရ ၄၂၄                                     ၁ ကြိမ်ရုံးချိန်း၊ အစိုးရစစ်တပ်မှ မေးခွန်းများ ဖြေကြားခြင်းရှောင်ကျည်

၈။        လုင်းစန်စိုင်း     ၄၇       ဝမ်ကုန်းခုန်                  ခမရ ၂၄၉                                       ၇ ကြိမ်ရုံးချိန်း၊ သို့ပေမဲ့ အစိုးရစစ်တပ်မှ ၄ ကြိမ်ပျက်ကွက် ခြင်းနှင့် ၂ ကြိမ်တိုင်မေးခွန်းများ ဖြေကြားခြင်းမရှိ

၉။        စိုင်းခွန်            ၃၀       ဝမ်မတ်လန်း                ခမရ ၂၄၉                                       ၄ ကြိမ်ရုံးချိန်း အစိုးရစစ်တပ်မှ ၃ ကြိမ်ပျက်ကွက်ပြီး ၁ ကြိမ် မေးခွန်းများဖြေကြားခြင်းမရှိ

တရားမျှတမှုမရှိသည့် ဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့် တရားစွဲဆိုမှှုများ၊ ရွာသူရွာသားများအပေါ်အခက် တွေ့စေမည့်လုပ်ရပ်များကြောင့် ရှမ်းလူ့ခွင့်ရေးမဏ္ဍိုင်မှ ပြင်းထန်စွာရှုတ်ချသည်။

ထို့ကြောင့် ရှမ်းလူ့ခွင့်ရေးမဏ္ဍိုင်မှ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ရွာသား ၉ ယောက်အပေါ်တရားစွဲဆိုနေမှု ကိုချက်ခြင်း အမှုသိမ်းပေးရန်နှင့် ပြန်လည်လွတ်မြောက်ပေးရန် တောင်းဆိုသည်။

ရှမ်းလူ့ခွင့်ရေးမဏ္ဍိုင်မှ မှတ်တမ်းတင်ထားသော ဖမ်းဆီးထိန်းသိမ်းခံရသော ရွာသား ၉ ယောက်၏ အသေးစိတ်များကို အောက်ပါပေးထားသော link တွင်ဖတ်ရှုနိုင်ပါသည်။

http://www.burmese.shanhumanrights.org/index.php/331-rcss-ssa-2

http://www.burmese.shanhumanrights.org/index.php/334-2017-09-21-06-43-14

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +၆၆(ဝ) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း၊ အင်္ဂလိပ် )

နန်းလွန့်လိုင်း    +၆၆(ဝ) ၆၃-၈၃၈၉၀၂၉ ( ဗမာ၊ အင်္ဂလိပ် )

PDF files:>>> Shan| Burmese| English

Videos

More Videos
Watch the video