ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသောကြောင့်ရှမ်း-မြန်မာနယ်စပ် ရှိ ဒုက္ခသည် များကို အကူအညီ မဖြတ်တောက်သင့်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသောကြောင့်ရှမ်း-မြန်မာနယ်စပ် ရှိ ဒုက္ခသည် များကို အကူအညီ မဖြတ်တောက်သင့်။

 

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၈/၁၇)

သြဂုတ်လ ၃၀ရက်နေ့ ၂၀၁၇။

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသောကြောင့်ရှမ်း-မြန်မာနယ်စပ် ရှိ ဒုက္ခသည် များကို အကူပအညီ မဖြတ်တောက်သင့်

 

ဖြစ်စဉ်အကျဉ်း

 

လက်ရှိထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်တလျှောက်တွင် ရှမ်းပြည်တွင်းမှနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ Internally Displaced Persons IDPs နေထိုင်သည့် စခန်း ၆ ခုရှိပြီး လူဦးရေစုစုပေါင်း ၆၂၀၀ ခန့်ရှိပါသည်။ထိုဒုက္ခသည် များသည်ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်ခြင်းမဟုတ်ဘဲရှမ်းပြည်နယ်စပ်တလျှောက်တွင်သာခိုလှုံ နေထိုင်နေကြ သူများဖြစ်ပါသည်။ဒုက္ခသည်များထဲတွင် ၇၀% မှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြပါသည်။

 

အဆိုပါနေရပ်စွန့်ခွါသူ သျှမ်းပြည်သား ဒုက္ခသည်များမှာထိုင်း-ရှမ်းနယ်စပ်တွင်ခိုလှုံနေထိုင်နေသည်မှာ ယခုနှစ်တွင် ၁၈နှစ်ကြာမြှင့်ခဲ့ပြီဖြစ်သည်။ ၎င်းတို့သည်၁၉၉၆၁၉၉၈ခုနှစ်ကာလကထိုစဉ်ကစစ်အစိုးရကအတင်း အဓမ္မနေရပ်စွန့်ခွါခိုင်းခြင်း၊ကျေးရွာ များအား မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်များကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရွာသူ၊ ရွာသား ၃ သိန်းကျော်မှရွာသူ၊ရွာသားတချို့ဖြစ်ကြပါသည်။ ၎င်းတို့သည်နေရပ်မှ ထွက်ပြေးတိမ်းရှောင်စဉ်ကလည်းလမ်းခရီးတလျှောက်တွင်အစိုးရစစ်ကြောင်းများ၏ပေါ်တာဆွဲဖမ်းဆီးခြင်း၊နှိပ်စက်ညှင်းပန်းခြင်း၊သတ်ဖြတ်ခြင်းနှင့်အဓမ္မပြုကျင့်ခြင်းများခံခဲ့ကြရပါသည်။

 

၎င်းတို့သည် မွန်၊ ကရင် နှင့်ကရင်နီပြည်နယ်ဘက်မှရောက်လာသော ဒုက္ခသည်များကဲ့သို့ဒုက္ခသည်အဖြစ်ထိုင်းအစိုးရ၏အသိအမှတ်ပြုခြင်းလည်းမခံကြရပေ။ ထို့တွက်ဆက်လက်အသက်ရှင်နေထိုင်ရန်ကိုယ့်ခြေပေါ်ရပ် တည်ကာရုန်န်လာခဲ့ကြသည်။

 

မြင့်မားသောတောင်ထိပ်များပေါ်ရှိအဆိုပါဒုက္ခသည် စခန်းများသည် လယ်ယာထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်သောမြေရှားပါးလွန်းလှပြီး ဒုက္ခသည်စခန်းများပတ်ပတ်လည်တွင်လည်း အစိုးရစစ်တပ်နှင့်UWSA (ဝပြည်သွေးစည်းညီညွှတ်ရေးတပ်ပေါင်းစု)တပ်စခန်းများဝန်းရံလျှက်ရှိပါသည်။၎င်းဒုက္ခသည်များသည် ကိုယ်ထူကိုယ်ထစုပေါင်းအင်အားဖြင့် မိမိတို့စခန်းအတွင်း စာသင်ကျောင်း၊ ဆေးပေးခန်း၊ဘုန်းကြီးကျောင်း သို့မဟုတ် ဘုရားကျောင်း များကို တည်ဆောက်ခဲ့ကြသည်။

 

အဆိုပါကြိုးစားမှုများကြောင့်ဒုက္ခသည်များအနေဖြင့် မိမိတို့လူ့အသိုင်းအဝိုင်းတခုကိုပြန်လည်ထူထောင်နိုင်စေရန် ရည်ရွယ်ပြီး ပြည်ပအလှူရှင်နိုင်ငံတကာအဖွဲ့အစည်းများကရိက္ခာ နှင့်အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးလာခဲ့သည်မှာ ၁၈ နှစ် ကာလရှိပြီဖြစ်ပါသည်။

 

ယခုအခါအဆိုပါဒုက္ခသည်များအားနိုင်ငံတကာအလှူရှင်များမှပေးကမ်းနေသည့်အခြေခံအစားအစာများကူညီထောက်ပံ့မှုများမှရပ်တန့်တော့မည်ဖြစ်သည်။နိုင်ငံတကာအလှူရှင်များသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြောင့်နယ်စပ်တလျှောက်ကူညီထောက်ပံ့မှုကို ရပ်တန့်ကာ ပြည်တွင်းသို့ပြောင်းရွှေ့ပံ့ပိုးကူညီပေးမည်ဟု ဆိုပါသည်။ ထို့ကြောင့် ၂၀၁၇ခုနှစ်အောက်တိုဘာလမှ စပြီးထိုင်းရှမ်းနယ်စပ်ရှိရှမ်းဒုက္ခသည်စခန်း၆ခုတွင်ကူညီ ထောက်ပံ့မှုများကိုဖြတ်တောက်မည်ဖြစ်ကြောင်းအသိပေးကြေငြာခဲ့ပြီးဖြစ်သည်။

 

သို့သော် နယ်စပ်တလျှောက်တွင်ခိုလှုံနေထိုင်သော ရှမ်းပြည်သား ဒုက္ခသည်များမှာ မိမိရပ်ရွာဒေသတို့မပြန်နိုင်ကြသေးပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာအစိုးရ၏ စစ်တပ်သည်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လိုက်နာမှုမရှိဘဲရှမ်းပြည်နယ်အတွင်း ၎င်းတို့၏တပ်စခန်းများ တိုးချဲ့ခြင်းနှင့်တိုင်းရင်းသားဒေသများသို့ အင်အားသုံး ထိုးစစ်ဆင်ခြင်းများဆက်လက် ပြုလုပ်လျှက်ရှိနေသဖြင့် ပြည်သူလူထုများမှာလည်း တရားဥပဒေမဲ့မှု အောက်တွင်ဆက်လက်နေထိုင်နေရစဲ ဖြစ်ပါသည်။

 

နယ်စပ်ရောက် နေရပ်စွန့်ခွါခဲ့သည့် ရှမ်းပြည်သားများ၏နေရပ်ရင်း ရွာပေါင်းရာချီမှာ သဘာဝအလျောက်ပျက်စီးသွားခြင်းများ ရှိသကဲ့သို့ရွာအချို့မှာ အစိုးရစစ်တပ်၊ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်နှင့် ဌာနေပြည်သူ့စစ်များက သိမ်းဆည်းသွား သည် များလည်းရှိခဲ့ပါသည်။ တဖက်တွင်လည်းမြန်မာအစိုးရ၏ ဧရာမ စီမံကိန်းသစ်ကြီးများသည် ဒေသခံများ၏ ဆန္ဒသဘောထားကိုမျက်ကွယ်ပြုကာတည်ရှိနေသေးသော ကျေးလက်တောရွာများ ဆက်လက်မနေရဲအောင်ခြိမ်းခြောက် နေမှုတခုဖြစ်နေပါသည်။

 

အကယ်၍ စစ်မှန်သောပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲခြင်း၊ တိုင်းရင်းသားနယ်မြေများသို့တိုးချဲ့နေရာယူလာသည့် အစိုးရစစ်တပ်များဆုတ်ခွါပေးခြင်း၊ ပြည်တွင်းစစ်ကိုအဆုံးသတ်ခြင်းမပြုလုပ်နိုင်ဘဲ နိုင်ငံရေးတည်ငြိမ်မှုများ အမြန်ဆုံးမဖော်ဆောင်နိုင်သေးပါက ဒုက္ခသည်များ မိမိတို့နေရပ်ရင်းကိုပြန်လည်နေထိုင်ရန် တွန့်ဆုတ်နေမည်ဖြစ်ပါသည်။

 

ထို့ကြောင့်ထိုင်း-ရှမ်းပြည်နယ် နယ်စပ်နေဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက်၊သိက္ခာရှိစွာ ၊ဘေးကင်းလုံခြုံစွာဖြင့် မိမိတို့နေရပ်ရင်းသို့ပြန်နိုင်သည့်အချိန်ထိ နိုင်ငံတကာအလှူရှင်များမှ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များဆက်လက်ကူညီပေးသွားရန်အနူးအညွတ်တိုက်တွန်းတောင်းဆိုအပ်ပါသည်။

08 30 2017 BA map of Refugee

မာတိကာ

အကျဉ်းချုပ်

ရှမ်းပြည်နယ်မှ ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့ရခြင်း၏နောက်ခံအကြောင်း

               - ၁၉၉၆ မှ ၁၉၉၈ အတွင်း ရှမ်းပြည်နယ် အလယ်ပိုင်းဒေသတွင် စစ်အစိုးရ ကျင့်သုံးခဲ့သော မြေလှန်မီးရှို့ စနစ်

             - မြောက်ပိုင်း ဝ များအား ရှမ်းပြည်နယ် တောင်ပိုင်းသို့ပြောင်းရွှေ့နေထိုင်စေခြင်း (၁၉၉၉ - ၂၀၀၁)

ထိုင်း - ရှမ်းနယ်စပ်ရှိ IDPs များနှင့် ဒုက္ခသည်စခန်းများ၏ နောက်ခံအကြောင်းနှင့် လက်ရှိအခြေအနေ

             - စခန်းများ၏ လက်ရှိလူဦးရေ

             - ထိုင်း - ရှမ်းနယ်စပ်တွင် ဒုက္ခသည်စခန်းများ တည်ဆောက်ခြင်း

             - IDPs စခန်းအတွင်းမှ စိန်ခေါ်မှုများ

                               o တိုက်ပွဲများ၏ ခြိမ်းခြောက်မှု

                               o ထွန်ယက်စိုက်ပျိုးမြေနည်းပါးခြင်း၊ သက်မွေးဝမ်းကျောင်းအခွင့်အလမ်းများနည်းပါးခြင်း

                               o ကျန်းမာရေးနှင့် ပညာရေး စိန်ခေါ်မှုများ

               - ကုန်းကျော် ဒုက္ခသည်စခန်းတွင်းမှ စိန်ခေါ်မှုများ

IDPs နှင့် ဒုက္ခသည်များ နေရပ်သို့မပြန်နိုင်သေသော အကြောင်းရင်းများ

             - ရှမ်းပြည်နယ်အတွင်း အစိုးရ၏တပ်မတော်မှ ဆက်လက် ထိုးစစ်ဆင်နေခြင်း

              - အစိုးရ၏တပ်မတော်မှ ဆင်နွဲနေသော တိုက်ပွဲများနှင့် ရှမ်းပြည်လူထုအား လူ့အခွင့်အရေးချိုးဖေါက်နေခြင်း

             - ကျေးရွာများ ဆက်လက် သိမ်းဆည်းခံနေရခြင်း

             - အစိုးရ၏ စီမံကိန်းကြီးများကြောင့် လယ်ယာမြေ ဆုံးရှုံးမှုများခံခံနေရခြင်း

နိဂုံး

 

ရှမ်းပြည်နယ်မှ ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့ရခြင်း၏နောက်ခံအကြောင်း

 

ပြည်တွင်းစစ်နှင့်ဗမာစစ်အစိုးရ၏ ညှင်းပမ်း နှိပ်စက်မှု များကြောင့် ရှမ်းပြည်နယ်မှဒုက္ခသည်များ ထိုင်းနိုင်ငံသို့ တဖြည်းဖြည်း ထွက် ပြေးတိမ်းရှောင်ကြရာမှ၁၉၉၆ခုနှစ် နောက်ပိုင်း တွင်စုပြုံ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ဤပြောင်းရွှေ့မှု များ သည် ၁၉၈၀ နှစ်များအတွင်း ကရင်၊ ကရင်နီနှင့်မွန်ပြည်နယ်မှ ဒေသခံ ထောင်သောင်းချီ၍ ထိုင်းနိုင်ငံသို့ ထွက်ေြပးတိမ်းရှောင်မှုများနှင့် မတူညီပေ။ ၁၉၈၄ ခုနှစ်တွင် ပထမဦးဆုံး ကရင်ဒုက္ခသည်စခန်း ကို ထိုင်းနိုင်ငံတွင် စတင်တည်ေ ထာင်ခဲ့ သည်။ ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ကရင်နီနှင့် မွန် ဒုက္ခသည်စခန်းကို တည်ထော င်လာကြသည်။ ၁၉၉၀နှစ်များနောက်ပိုင်း ရှမ်းပြည်နယ်မှ ဒုက္ခသည်များပိုမိုများပြားလာ ရခြင်း အကြောင်းရင်း ၂ ချက်မှာ -

 ၁။ ၁၉၉၆ခုနှစ်တွင် ရှမ်းပြည်နယ်အလယ်ပိုင်း ဒေသများအတွင်း အစိုးရစစ်တပ်၏ ပြင်းထန်သောမြေလှန် မီးရှို့မှုများ

၂။၁၉၉၉ခုနှစ်မှစ၍မြောက်ပိုင်းမှဝလူမျိုးများအားထိုစဉ်စစ်အစိုးရက ရှမ်းပြည်တောင်ပိုင်းထိုင်းနယ်စပ်သို့ အဓမ္မပြောင်းရွှေ့နေထိုင် စေခြင်းတို့ကြောင့်ဖြစ်သည်။

 08 30 2017 Forced relocation

အစိုးရစစ်တပ်၏၁၉၉၆ မှ ၁၉၉၈ အတွင်း ရှမ်းပြည်နယ် အလယ်ပိုင်းဒေသတွင် ကျင့်သုံးခဲ့သော မြေလှန်မီးရှို့ စနစ်

 

၁၉၉၅ခုနှစ်နှောင်းပိုင်းကာလ အစိုးရထံ MTA လက်နက်ချသောအခါအများနည်းသူလက်နက်မချဘဲ ကျန်နေသော MTA တပ်သားများအား ဗိုလ်မှူးကြီး ရွက်စစ်မှဦးဆောင်ကာ ရှမ်းတော်လှန်ရေးတပ်ဖွဲ့အသစ် Shan State Army South (နောက်ပိုင်းတွ င် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၏ရှမ်းပြည်တပ်မတော်-တောင်ပိုင်း RCSS/SSA ဟုခေါ်တွင် ) ကို တည်ထောင်ခဲ့သည်။ ၁၉၉၆ ခုနှစ် မတ်လတွင် ဤရှမ်းတော်လှန်ရေးတပ်ဖွဲ့ အသစ်ကို လူထုမှထောက်ပံ့ပေးမှုအား ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရစစ်တပ်မှပြင်းထန်သော မြေလှန်မီးရှို့မှုစနစ်တခုကို ရှမ်းပြည်အလယ်ပိုင်းတွင်စတင်ခဲ့သည်။ ကျေးလက်ပြည်သူလူထုကို လက်နက်ဖြင့် ခြိမ်းခြောက်ကာတပ်မတော်လုံခြုံရေးများချထားသော နီးစပ်ရာ လမ်းမကြီးနှင့် မြို့များအနီးသို့အဓမ္မပြောင်းရွေ့နေထိုင်စေခဲ့သည်။

 

ယူကျုံးမရအောင်ပျက်စီဆုံးရှုံးမှုမှာ ဤစစ်ဆင်ရေး၏ ရလဒ်ပင်ဖြစ်သည်။ ၁၉၉၆ မှ ၁၉၉၈ခုနှစ်ကာလအတွင်း ကျေးရွာပေါင်း ၁၄၀၀ ကျော် ပြည်သူလူထု ၃သိန်းကျော် နေရပ်မှအတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်း ခံခဲ့ရသည်။ စစ်တပ်အမိန့်မလိုက်နာဘဲရွာသားများ မိမိနေရပ်တွင်ဆက်လက်နေထိုင်နေခြင်း၊မိမိတို့လယ်ယာမြေများအတွင်း ပုန်းအောင်းနေထိုင်နေခြင်းတို့ကို ဖမ်းဆီးရမိပါကညှင်းပမ်းနှိပ်စက်ခြင်း၊ရက်စက်ယုတ်မာစွာ ပစ်သတ်ခြင်းများဖြင့်ပြစ်ဒဏ်ပေးကာ လူမဆန်စွာ သောလုပ်ရ ပ်များကို စစ်တပ်မှလက်လွတ်စပယ် ကျူးလွန်လုပ်ဆောင်ခဲ့ပါသည်။

 

ထိုကာလတွင် ရှမ်းပြည်အလယ်ပိုင်းမှ ပြည်သူလူထု၆၀၀ ကျော် အသတ်ခံခဲ့ရသည်။၁၉၉၇ ခုနှစ် ဂျွန်လ ၁၆ ရက်နေ့တွင်အမျိုးသမီးများအပါအဝင် ပြည်သူလူထု ၅၆ ယောက်ကိုစစ်တပ်က အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့သည့်အကြောင်း SHRF မှ ပြုစုခဲ့သော မှတ်တမ်းများတွင် တွေ့ရသည်။ထိုပြည်သူလူထုများသည် နေရပ်မှစွန့်ခွါပြောင်းရွှေ့ရန် ခိုင်းစေခြင်းခံရသူများဖြစ်ပြီး မိမိတို့တောင်ယာတွင်ကျန်ရစ်သော ဆန်စပါးများ သီးနှံ များကို နွားလှည်းများဖြင့် သွားရောက်သယ်ဆောင်ရန် တပ်မတော်ထံမှခွင့်ပြုချက်ရယူကာ နေရပ်သို့ပြန်သွားကြသူများဖြစ်သည်။ သို့သော် ၎င်းတို့သည်ရွာအပြန်လမ်း မတလျှောက်တွင် မြန်မာ့တပ်မတော်သားများ၏ ဖမ်းဆီးမှုကိုခံရပြီးအစုလိုက်အပြုံလိုက် ပစ်သတ်ခြင်း ခံကြရပါသည်။

08 30 2017 TPH

 

အစိုးရစစ်တပ်သည်ကျေးလက်သမီးပျိုများဒေသခံ ရွာသူများ အားအတင်းအဓမ္မမုဒိန်းကျင့်မှုလုပ်ရပ်သည် လည်းတိုက်ပွဲများ၏လက်နက်တစ်ခုအဖြစ်ကျယ်ပြန့်စွာအသုံးပြုခဲ့သည်။ ၂၀၀၂ တွင် ထုတ်ဝေခဲ့သော SHRF နှင့် SWAN ၏ “License to Rape” အစီရင်ခံစာအရ အမျိုးသမီးနှင့်ကလေးစုစုပေါင်း ၆၂၅ ဦးကို တပ်ရင်းပေါင်း ၅၂ တပ်ရင်းက မုဒိန်းမှုနှင့်အခြားသော လိင်အကြမ်း ဖက်မှုများကျူးလွန်ခဲ့သည်။ ထိုသို့သောအကြမ်းဖက်မှုများ ကို ရှမ်းပြည်နယ်တွင်း အဓမ္မ ရွှေ့ပြောင်းနေထိုင်ရေသာဒေသများတွင်အ များဆုံး တွေ့ရသည်။ အမျိုးသမီး ၆၁% မှာ အုပ်စု လိုက်မုဒိန်းကျင့်ခံရ ၊ ၂၅% မှာ မုဒိန်းကျင့် ခံရပြီးနောက် သတ်ဖြန်ခံရ၊အချို့မှာကိုယ်အင်္ဂါ အ စိတ်အ ပိုင်းများဖြတ်ခံရခြ င်းများကိုလည်းတွေ့ရှိရသည်။

 08 30 2017 Licessene to rape

ရက်စက်ယုတ်မာသောအကြမ်းဖက်မှုများအကြားအဓမ္မပြောင်းရွှေ့နေထိုင်ရသောနေရာများတွင် မနေနိုင်ခြင်း ကြောင့်ရွာသူ၊ရွားသားအများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။သက်ကြီးရွယ်အိုများ၊ ကလေးငယ်များပါ ဝင်သည့် မိသားစုများသည် တောတောင်များကိုခြေကျင် ဖြင့်လည်းကောင်း၊ ရေစီးကြမ်းသော သံလွင်မြစ် ကြောင်းတလျှောက်ဝါးဖောင်များ ဖြင့် လည်းကောင်း သာမာန်လမ်းခရီးတွင် ကားစင်းလုံးငှား၍လည်းကောင်း ထိုင်းနယ်စပ်သို့ ဦးတည် ခရီးနှင်ခဲ့ ကြသည်။

 

၁၉၉၆ခုနှစ်မေလတွင် သောင်းချီသော ရှမ်းပြည်ကျေးလက်ပြည်သူများသည် ထိုင်းနိုင်ငံမြောက်ပိုင်း သို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး ထိုင်းနိုင်ငံသားများ၏လယ်ယာများ၊ ဥယျာဉ်ခြံ များတွင် ဝင်ရောက်အ လုပ်လုပ်ကိုင်ကြရင်းချင်းမိုင်မြို့ တွင် ပန်းရံ၊ဆောက်လုပ်ရေး လုပ်ငန်းသို့သွားရောက်အလုပ်လုပ်ရန် အခွင့်အရေးကို စောင့်ဆိုင်းခဲ့ကြသည်။ တရားမဝင်အလုပ်သမားများဖြစ်သောကြောင့် ထိုဒုက္ခသည်များသည် အချိန်မရွေး အဖမ်းခံရ၍မိမိတို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း ၊ ပွဲစားများ အလုပ်ရှင်များ၏ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများခံကြရသည်။

 

ထို့အပြင်မိမိတို့နေထိုင်ရာ အလုပ်ခွင်မှ တခြားမြို့ကြီးသို့ ထွက်ခွာရန် ခက်ခဲခြင်း၊ကြောက်ရွံ့ခြင်းများကြောင့် ဒုက္ခသည်အ ချို့မှာသာမာန်ဆေးကုသရုံဖြင့်ပျောက်ကင်းနိုင်သောရောဂါများ ဖြင့်သာသေဆုံးခဲ့ကြသည်များ လည်းရှိပါသည်။ ဒုက္ခသည်များ၏ ကလေးများမှာပညာသင်ယူမှုအခွင့်အလမ်းမရှိသည့်အပြင် သန့်ရှင်းမှုမရှိသော အလုပ်ခွင်များ၊လူအုပ်များကြားနှင့် ဘေးအန္တရာယ်ရှိသော ဓါတုပိုးသတ်ဆေးများ ကြားတွင် နေထိုင်ကြရသည်။

 

ကရင်နှင့် ကရင်နီများနည်းတူရှမ်းဒုက္ခသည်စခန်းများ တည်ဆောက်ပေးရန် ထိုင်းအာဏာပိုင်များထံ ရှမ်းအရပ်ဘက်လူ့အဖွဲ့အစည်းများက အကြိမ်ကြိမ် ကြိုးစားတောင်းခံခဲ့သော်လည်းအချည်းအနှီးပင်ဖြစ်သည်။ ထိုင်းအာဏာပိုင်များက ရှမ်းပြည်တွင်းဒုက္ခသည်များထိုင်းနိုင်ငံသို့ စုပြုံဝင်ရောက်လာခြင်းမှာသာမာန်ရွှေ့ပြောင်းအလုပ်သမားများ သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

မိမိဘ၀လုံခြုံရေးအာမခံချက် မရှိသော်လည်း ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်းရှမ်းပြည်နယ် အလယ်ပိုင်းဒေသမှ ဒုက္ခသည်များအဆက်မပြတ်ပြောင်းရွှေ့ခိုလှုံလာကြသည်။ SHRF ၏အစီရင်ခံစာအရ ၁၉၉၈ ခုနှစ်အေပရယ်လတွင် အဓမ္မပြောင်းရွှေ့ခံရသော ကျေးလက်ပြည်သူပေါင်း အနည်းဆုံး ၈၀၀၀၀ခန့် ထိုင်းနိုင်ငံသို့ဝင်ရောက်ကြောင်း တင်ပြထား သည်။

 

ဝ လူမျိုးများအား ရှမ်းပြည်နယ် တောင်ပိုင်းသို့အဓမ္မပြောင်းရွှေ့နေထိုင်စေခြင်း (၁၉၉၉- ၂၀၀၁)

 

၁၉၉၉နှစ်ကုန်ပိုင်းတွင် အစိုးရစစ်တပ်သည် ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်၏မိသားစုဝင်များ တရုတ်ပြည်နယ်စပ်မှ ဝကျေးလက်ပြည်သူများကို ရှမ်းပြည်နယ်တောင်ပိုင်းသို့ အဓမ္မပြောင်းရွှေ့နေထိုင်စေခဲ့သည်။ ဝပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် ဗမာစစ်အစိုးရနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူခဲ့သည့် အဖွဲ့ဖြစ်သည်။ရွှေ့ပြောင်းနေထိုင်ရခြင်း၏အကြောင်း ပြချက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရန်ပင်ဖြစ်သည်။ ဘိန်းစိုက်ပျိုးသော မြောက်ပိုင်း တရုတ်နယ်စပ် တောင်ပေါ်ဒေသများတွင်နေထိုင်သော ဝကျေး လက်ပြည်သူများအား အခြားအစားထိုးသီးနှံများစိုက်ပျိုးနိုင်စေရန်မြေသြဇာကောင်းမွန်သော မြေ များရှိသည့်ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းနယ်စပ်သို့ပြောင်းရွှေ့နေထိုင်စေခဲ့သည်။ထိုသို့ပြောင်းရွှေ့နေထိုင်စေခြင်းအဓိကအကြောင်း ရင်းမှာ နိုင်ငံရေးကြောင့်ပင်ဖြစ်သည်။08 30 2017 Wa relocation

 

စစ်အစိုးရသည်သွေးခွဲ အုပ်ချုပ်သော နည်းလမ်းကို အသုံးပြုကာ UWSA ဖြင့်သွယ်ဝိုက်သောနည်းဖြင့် RCSS/SSA ကို အားနည်းသွားစေလိုခြင်းဖြ စ်သည်။ရှမ်းပြည်နယ်တွင်း တော်လှန်ရေးတပ်များ အားနည်းသွားစေရန် အစိုးရစစ်တပ်မှ UWSA ကို အားပေးအားမြှောက်ပြု၍ RCSS/SSA အားတိုက်ခိုက်စေလိုခဲ့ခြင်းဖြစ်သည်။

 

၁၉၉၉မှ ၂၀၀၁ ခုနှစ်ကာလအတွင်း ကျေးလက်မှလူထုပေါင်း ၁၂၆၀၀၀ ကျော် (မြန်မာပြည်ရှိ ဝပြည်သူလူထု၏ လေးပုံတစ်ပုံခန့်) ကိုရှမ်းပြည်နယ်မြောက်ပိုင်း ဝ ပြည်သူများနေထို င်ရာ ၆ မြို့နယ်မှနယ်စပ်ဒေသမြို့များ ဖြစ်သောတာချီလိတ်၊မိုင်းဆတ်နှင့်မိုင်းတုံမြို့များသို့အဓမ္မ္မပြောင်းရွှေ့နေထိုင်စေခဲ့သည်။ မိမိတို့ပိုင်ဆိုင်သောအိုးအိမ်စည်းစိမ်များ ကိုစွန့်ပစ်၍ အဓမ္မပြောင်းရွှေ့နေထိုင်ရခြင်းကြောင့်ဝပြည်သူ အများအပြားအကြပ်အတည်း များနှင့်ရင်ဆိုင်ခဲ့ ရသည်။

 

အသစ်ပြောင်းရွှေ့နေထိုင်သူများပြားခြင်းကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှိရင်းစွဲ ဒေသခံတိုင်းရင်းသားများဖြစ်သောရှမ်း၊ လားဟူနှင့် အာခါ ကျေးရွာလူထုများကို ထိခိုက်နစ်နာခဲ့သည်။ အိမ်၊လယ်ယာမြေများ၊ အိမ်မွေးတိရိစ္ဆာန်များ၊ စိုက်ပျိုးသီးနှံများသိမ်းပိုက်ခံရပြီး အချို့ဒေသများတွင် UWSAမှအခွန်များနှင့် စစ်မှုမထမ်းမနေရစနစ်များကို ချမှတ်ခဲ့သည်။ ထိုအကြပ်အတည်းကို မခံနိုင်၍ထောင်ပေါင်းများစွာသော ကျေးလက်ပြည်သူလူထုများ ထိုင်းနိုင်ငံနှင့်ရှမ်းပြည်နယ် အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

 

မိုင်းဆတ်မြို့အရှေ့ဘက် နမ့်စိုင်မြစ်ကမ်းတလျှောက်မုန်းကန်းဒေသရှိကျေး ရွာ ၆ ရွာမှ (လူဦးရေ ၁၂၀၀ ခန့်ရှိ) ပြည်သူများနေထိုင်ရာဒေသသို့ ဝကျေးလက်လူထုပေါင်း၁၆၀၀၀ ခန့်အား ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ၂၀၀၁ ခု နှစ်ဦးပိုင်းတွင် RCSS/SSA နှင့် အစိုးရစစ်တပ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက်ပိုင်း UWSA နှင့်အစိုးရစစ်တပ်မှ ရှမ်းတပ်ဖွဲ့ကို ကူညီထောက့်ပံ့သည်ဟု သံသယရှိသောကျေးလက်ပြည်သူများကို ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် မုန်းကန်းဒေသမှရာနှင့်ချီသော ပြည်သူများ ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့လာကြပြီးလွိုင်ကော်ဝမ်း IDPs စခန်းကို တည်ထောင်ခဲ့သည်။ ယခုအခါ မုန်းကန်းဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ၏ အိမ်ယာများ၊ ပိုင်ဆိုင်မှုများကို UWSA မှသိမ်းယူခဲ့သည်။

 

Lahu National Development Organisation, Unsettling Moves, 2002, http://www.burmalibrary.org/docs23/Unsettling_Moves-tpo.pdf

 

ထိုင်း - ရှမ်းနယ်စပ်ရှိ IDPs များနှင့် ဒုက္ခသည်စခန်းများ၏ နောက်ခံအကြောင်းနှင့် လက်ရှိအခြေအနေ

 

ထိုင်း - ရှမ်းနယ်စပ်ရှိ IDPs များနှင့် ဒုက္ခသည်စခန်းများ၏ လက်ရှိလူဦးရေ စာရင်းကိုအောက်ပါ ဇယားတွင် ကြည့်နိုင် သည်။

စဉ် ဒုက္ခသည်စခန်းအမည်

တည်ဆောက်ခဲ့

သောနှစ်

တည်နေရာ

(ထိုင်းခရိုင်/ခရိုင်ခွဲ,

ပြည်နယ်)

လက်ရှိလူဦးရေ

ကျား

စုစုပေါင်း

အသက် ၁၈ နှစ်အောက်

ကောင်းမုံမိန်း()

၂၀၀၇

မောက်စံပေမျက်နှာချင်းဆိုင်

မယ်ဟောင်ဆောင်

၁၁၉

၁၂၇

၂၄၆

၄၁%

လွိုင်တိုင်းလျန်း()

၁၉၉၉

ပန်မဖာ့ မယ်ဟောင်ဆောင်

,၁၃၀

,၁၇၉

,၃၀၉

၅၂%

လွိုင်လမ်

၂၀၀၆

ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် နှင့် မျက်နှာချင်းဆိုင်

၁၂၁

၁၁၇

၂၃၈

၃၇%

ကုန်းကျော်

၂၀၀၂

ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ်အတွင်း

၁၉၂

၂၁၀

၄၀၂

၄၀%

လွိုင်ဆမ်ဆစ်

၂၀၀၆

ချင်းမိုင်ခရိုင် ဖှန် မြို့နှင့် မျက်နှာချင်းဆိုင်

၀၀၆

၂၀၈

၁၄၈

၃၅၆

၃၂%

လွိုင်ကော်ဝမ်း

၂၀၀၁

ချိန်းရိုင်းခရိုင် မယ်ဖှလုံမြို့နယ် မျက်နှာချင်းဆိုင်

,၂၄၆

၁၃၈၈ ,၆၃၄ ၃၄%
 

စုစုပေါင်း

,၀၁၆

,၁၆၉ ,၁၈၅ ၃၉%


အဆိုပါပြည်တွင်း၊ပြည်ပ များနှင့် ဒုက္ခသည်စခန်းတွင် ရှမ်း၊ လားဟူ၊၊အာခါ၊ ဝ၊တအာန်း၊ ပအိုဝ်း၊ လိဆော၊ ကရင် နှင့် တရုတ် စသည့် တိုင်းရင်းသားရောနှောနေထိုင် ကြသည်။ ဒုက္ခသည်စခန်း တစ်ခုချင်းစီကို ယခင်က ၎င်းတို့၏မူလကျေးရွာ တွင် ခေါင်းဆောင် ဖြစ်ခဲ့ ဖူးသောသူ များအပါအဝင် စစ်ပြေးဒုက္ခသည်များဖြင့် ဖွဲ့စည်းထားသော ကော်မတီများ က စီမံခန့်ခွဲ လုပ်ဆောင်သည်။

 

စစ်ပြေးဒုက္ခသည်စခန်းများကိုစတင်တည်ထောင်ကတည်းကနိုင်ငံတကာ အလှူရှင်များထံမှ စားနပ်ရိက္ခာအကူအညီကိုရယူ သည်။ နောက်ပိုင်းတွင်အချို့ အေဂျင်စီများက ရေတို ကျန်းမာရေးနှင့်ပညာရေး အထောက်အပံ့ပေးခဲ့သည်။

08 30 2017 Loi Kaw Wan camp 08 30 2017 Loi Tai Leng IDP camp 2005

 

ထိုင်း - ရှမ်းနယ်စပ်တွင် ဒုက္ခသည်စခန်းများ တည်ဆောက်ခြင်း

 

ထိုင်း-ရှမ်းနယ်နိမိတ်ပေါ် တွင်ပထမဦးဆုံးဒုက္ခသည် စခန်းကို၁၉၉၉ ခုနှစ်တွင်မြောက်ပိုင်းမယ်ဟောင်ဆောင်ခရိုင်၏ မျက်နှာချင်းဆိုင်တွင် တည်ဆောက်ခဲ့သည်။ရှမ်းပြည်နယ် အလယ်ပိုင်း အတွင်း စစ်ပြေးရှောင် မိသားစု ၃၅ စု မှထိုင်းနယ်စပ်ဘက် မှာ စခန်းချ နေထိုင်ခဲ့ပါ သည်။သို့သော် နှစ်ပတ်အတွင်းထိုင်းအာဏာပိုင်များက ၎င်းတို့အားနယ်စပ်သို့နောက်ဆုတ်ရွှေ့ပြောင်းစေခဲ့သည်။

 

ထို့နောက်လွိုင်တိုင်းလျန်းတောင်ထိပ်တွင်ရှိသောRCSS/SSAဌာနချုပ်၏ကာကွယ်မှုအောက်တွင် ဝင်ရောက် နေထိုင်ခဲ့ ပါသည်။ခိုလှုံသည့်စခန်း အတည်တကျရှိ ပြီးနောက်ပိုင်း သာသင်ကျောင်းနှင့် ဆေးပေးခန်းကို ဆက်လက် တည်ဆောက် ထားရှိခဲ့သည်။ နောက်ပိုင်းတွင်ရှမ်းပြည်တွင်းမှစစ်ပြေး ဒုက္ခသည်များလာရောက်ခိုလှုံခဲ့ကြသည် ။ရှမ်းပြည်နယ်အတွင်းစစ်မြေပြင်အသီးသီး မှှမိဘမဲ့ခလေးငယ်များ၊ဒုက္ခိတကလေးငယ်များ၏ ပညာရေးအတွက်လာ ရောက်ခိုလှုံခဲ့ကြသည်။ အလားတူအချို့သောပြည်တွင်းနေရပ်စွန့်ခွါသူများမှာထိုင်းနယ်စပ်သို့ု ခိုလှုံရန် ဦးတည်ခဲ့သော်လည်း ရှမ်းပြည်နယ်အတွင်းရှိ RCSS/SSA ၏ အကာအကွယ် အောက် ရောက်ရှိသွားသူများလည်းရှိခဲ့ပါသည်။

 

၂၀၀၁ခုနှစ်က အစိုးရစစ်တပ်၏ လူ့အခွင့်အရေးကျူးလွန်မှုများ၊မိုင်းဆတ်မြို့အရှေ့ဘက် ရှိ မိုင်းကန်းကျေးရွာ အုပ်စုအတွင်းဝလူမျိုးများနေရာပြောင်းရွှေ့ချထားမှုများ၏ ရန်မှထွက်ပြေးတိမ်းရှောင်သောသေခံဒုက္ခသည် ၅၀၀ ခန့်သည် ထိုင်းနိုင်ငံမြော က်ပိုင်း ချိန်းရိုင်းခရိုင်၊မယ်ဖှလုံမြို့နယ်တွင် ဒုက္ခသည် စခန်းချကာ နေထိုင်ခဲ့သည်။ သို့သော်တစ်လပင်မပြည့်သေးခင် ၎င်းတို့အား ထိုင်းအာဏာပိုင်များကနယ်စပ်ဘက်ရွှေ့ပြောင်း ခိုင်းသဖြင့် RCSS/SSA အကာအကွယ်အောက် ဒုက္ခသည်စခန်းချ၍နေခဲ့ကြရသည်။ပြည်တွင်းမှနေရပ်စွန့်ခွါသူများသည် ဘေးကင်းသည်ဟုယူဆကာထိုင်းနယ်စပ်အထိ ရွှေ့ပြောင်းတိမ်း ရှောင်ခို လှုံ ခဲ့သော်လည်းရပ်ရွာအိုးအိမ်များ ထိုင်းနယ်အတွင်းကျွံဝင်နေဟုဆိုကာ ထိုင်းအာဏာပိုင်များကဖျက်ဆီးပစ်ပြီးရှမ်းမြေအတွင်းနောက်ဆုတ်ရွှေ့ဆိုင်းစေခဲ့သည်များလည်းရှိပါသည်။ ၂၀၀၆ ခုနှစ်တွင် RCSS/SSA ဌာနချုပ်လွိုင်တိုင်းလျန်း က နေရာချပေး သော ဒုက္ခသည်မိသားစု ၆၈စု၏နေရာထိုင်ခင်းများအပါအဝင်ဆေးရုံနှင့် စာသင်ကျောင်းများ မှာ ထိုင်းနယ်ဘ က်တွင် ရောက် သည်ဟုဆို၍ ဖျက်ဆီးခံရကာ ရှမ်းပြည်ဘက်တိုးဝင် ပြန်လည်ဆောက်ခဲ့ရသည်။၂၀၀၉ ခုနှစ်လွိုင်ကော်ဝ မ်း တွင်အိမ်ခြေ ၂၀ ခန့်နှင့်ကျောင်း ကိုလဲအလားတူပင်ဖျက်သိမ်းခံရခဲ့သည်။

 08 30 2017 the monk08 30 2017 loi kaw wan church

၂၀၀၇ခုနှစ်ရှမ်းပြည်နယ်အတွင်းရှိ လွိုင်ဆမ်ဆစ်မှ ဒုက္ခသည်မိသားစု ၂၄ စု ကိုနယ်စပ်၏နယ်နိမိတ်မှ လှမ်းမမြင်နိုင်သော အရပ်သို့ဆုတ်ဝင်ရွှေ့ပြောင်းခိုင်းခဲ့သည်။

08 30 2017 Loi Sarm Sip Move

ထိုင်းနိုင်ငံအတွင်း တခုတည်းသော ရှမ်း ဒုက္ခသည်စခန်း တည်ဆောက်ခြင်း

၁၉၉၆အစောပိုင်း၊ MTA လက်နက်ချပြီးနောက် ချင်းမိုင်ခရိုင်မြောက်ပိုင်းဝိန်းဟိုင်မြို့နယ် ဆန့်ကျင်ဘက်ရှိ MTA ၏ထိန်းချုပ်မှု အောက်ရှိကျေးရွာများသည် အစိုးရ၏ ထိန်းချုပ်မှုလက်အောက်ရောက်ခဲ့သည်။

၂၀၀ ၂ခုနှစ်တွင်နယ်စပ်နယ်နိမိတ်တွင်အစိုးရစစ်တပ်နှင့်RCSS/SSA တို့တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။အစိုးရစစ်တပ် မှရွာသားများကို နယ်စပ်မှ နေကာ ရှမ်းစစ်သားများကိုထောက်ပံ့ နေသည်ဟူသော သံသယစိတ်ဖြင့်လက်နက်ကြီးဖြင့် ရွာထဲသို့တိုက်ရိုက်ပစ်ခတ်ခဲ့ သောကြောင့် ၆ဦးသေဆုံးကာ ၂၀ဦး ဒဏ်ရာ ရခဲ့သည်။ ၁၂နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ရွာသား ၅ဦးသေဆုံးခဲ့သည်။ရွာသားတစ်ဦးသုံးပိုင်း ခုတ် ဖြတ်ခံရကာ တစ်ချို့သောရွာသားများအားဖမ်းဆီးရိုက်နှက်ခဲ့ သည်။ ဒုက္ခသည်ကျေးရွာ ၄ ရွာ စလုံးထိုင်း-မြန်မာနယ်စပ် နယ်နိမိတ် တွင်ရှိသောကြောင့် ထိုင်းနိုင်ငံဝိန်းဟိုင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း သို့ခိုလှုံခဲ့ရသည်။ရွာသားများ၏ကျန်ရစ်ခဲ့သော မော်တော်ဆိုင်ကယ်၊ ထရပ်ကား၊ အိမ်မိုးသွပ်များနှင့် အိမ်မွေးတိရ စ္ဆာန် များကို အစိုးရစစ်တပ်က ယူသွားခဲ့သည်။

 

၂၀၀၃ခုနှစ်တွင် စစ်ပြေးဒုက္ခသည် များသည် ထိုင်းနယ်စပ်မျဉ်းပေါ်ရှိဝတ်ဖဝိန်းအင်း ဘုန်းကြီး ကျောင်း သို့ထိုင်းအာဏာပိုင်များ၏ခွင့် ပြုချက်ဖြင့် ယာယီပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့ပြီးကုန်းကျော်ရွာဟုအမည်တွင်ခဲ့သည်။ နိုင်ငံတကာအေဂျင်စီများမှတဆင့်လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ အကူအညီရရှိခဲ့သော်လည်း UNHCR မှ မှတ်ပုံတင်ဖို့ခွင့် မပြုသောကြာင့် တစ်ခြားသော ကရင်နှင့်မွန် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကဲ့သို့ တတိယနိုင်ငံသို့ပြောင်းရွှေ့ အခြေချ နေထိုင် ခွင့်မရှိ ခဲ့ပေ။

 

IDPs စခန်းအတွင်းမှ စိန်ခေါ်မှုများ

 

စစ်ပြေးဒုက္ခသည်အများစုသည် အဆိုပါစခန်းများတည်ရှိရာ ဝေးလံခေါင်သီသောတောင်ပေါ်ကုန်းပေါ်တွင် အသက်ရှင်ရန် အခက်အခဲများစွာရင်ဆိုင်နေရသည်။

 

            တိုက်ပွဲများ၏ ခြိမ်းခြောက်မှု

08 30 2017 Thai Burma regufee camp

အဆိုပါဒုက္ခသည်စခန်းများအားလုံး RCSS/SSA ထိန်းချုပ်ထားသော နယ်မြေကျဉ်းသည့် အစိတ်အပိုင်းလေးတစ်ခုပေါ်တွင်တည်ရှိသည်။ နယ်စပ်ရှမ်းဘက်ခြမ်းတွင်အစိုးရစစ်တပ်နှင့် UWSA တပ်စခန်းများက ဝိုင်းနေကြသည်။ တိုက်ပွဲ များ မကြာခဏဆိုသလိုဒုက္ခသည်စခန်းတချို့ အနားတွင် ဖြစ်ပွားသောကြောင့် ဒုက္ခသည်များ၏ လူနေမှုဘဝတွေကိုခြိမ်းခြောက်နေ သည်။

 

၂၀၀၂ ခုနှစ်တွင် အစိုးရစစ်တပ်၊ပြည်သူ့စစ်နှင့် UWSA တို့ပေါင်းကာ RCSS/SSA ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။ လွိုင်ကော်ဝမ်း ဒုက္ခသည်စခန်းအနီးနားတွင်ဖြစ်ပြီးအစိုးရစစ်တပ်၏လက်နက် ကြီးရောက် နိုင်သော နယ်နိမိတ်တွင်ရှိနေသည်။၂၀၀၅ခုနှစ်တွင် UWSA မှ RCSS/SSA လွိုင်တိုင်းလျန်း အရှေ့ဖက်သို့ထိုးစစ်ဆင်ခဲ့သည်။လက်နက်ကြီးအလုံးပေါင်းထောင်ချီ ပစ်ခတ်ပြီး ဒုက္ခသည်စခန်းအနီး ကျသောကြောင့် ခံတုတ် ကျင်းများ ထဲသို့ဝင်ရော က်ပုန်းခိုကြရသည်။ ထို့ကြောင့်အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု လျော့နည်းလာပြီး နောက်တစ်ခါ ထိုကဲ့သို့ ထိုးစစ်ဆင်မှုထပ်ဖြစ်ပွားမည်ကို ဒုက္ခသည် များစိုးရိမ်နေကြသည်။

08 30 2017 IDPs sheltering

       ထွန်ယက်စိုက်ပျိုးမြေနည်းပါးခြင်း၊ သက်မွေးဝမ်းကျောင်းအခွင့်အလမ်းများနည်းပါးခြင်း

တောင်ထိပ်ဒေသပေါ်တွင်ဖြစ်သောကြောင့်ရေရှားပါးသည့်အပြင် ဒုက္ခသည်စခန်းအနီး စိုက်ပျိုးရန်မြေမှာလဲ အနည်းငယ်မျှသာရှိ သည်။စစ်ပြေးဒုက္ခသည်များအတွက် အစိုးရ စစ်တပ်နှင့် UWSAတပ်တို့အနီးနားမှာ ရှိသောကြောင့် အနီးအနားနယ် မြေအတွင်းသို့လွတ်လွတ်လပ်လပ်သွားရောက် စိုက်ပျိုးဖို့မဖြစ်နိုင်ပေ။၎င်းတို့နေထိုင်သည့် အနီးအနား မြေလွှတ်မြေရိုင်း များတွင်သာ ဟင်းသီးဟင်းရွက်အနည်းငယ်ကိုတနိုင်တပိုင်စိုက် ပျိုးသည်။ တစ်ချို့သောဒုက္ခသည်စခန်းအနီးတွင်တောင်ယာစိုက်ပျိုးရန်မြေအနည်းငယ်ရှိသော လည်း ဒုက္ခသည်စခန်း တစ်ခုလုံး အတွက်ရေရှည်မထောက်ပံ့နိုင်ပေ။08 30 2017 Kong Mung Mong camp

 

အချို့သော ဒုက္ခသည်စခန်းမှဒုက္ခသည်များသည် ထိုင်းနယ်ဘက်သို့ကူးကာ အများစု မှာ ဥယျာဉ်ခြံ များထဲတွင်နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်သည်။ သို့သော်ထိုကဲ့သို့ လုပ်ငန်းမှာရာသီသီးနှံပေါ်ချိန်သာဖြစ်ပြီး လုပ်အားခ လည်း နှိမ်ပေးခံရမှုကြောင့်အနည်းငယ်မျှသာရရှိခဲ့ကြသည်။

 

      ကျန်းမာရေးနှင့် ပညာရေး စိန်ခေါ်မှုများ

ဒုက္ခသည်စခန်းများတွင်ကျန်းမာရေးဆေးပေးခန်းများ ရှိသော်လည်း ဆရာဝန်မရှိဘဲ အခြေခံ ကျန်းမာရေးလုပ်သားများသာရှိသည်။ကျန်းမာရေး အခြေ အနေဆိုးရွားသော ဒုက္ခသည်များကိုမူထိုင်းနိုင်ငံသို့ပို့ဆောင် ကုသရသည်။ ဆေးကုသမှုစရိတ်နှင့်ခရီးစရိတ်မှာမူဒုက္ခသည်စခန်းမှ တာဝန်ယူပေးရသည့် ဝန်ထုပ်ဝန်ပိုးတခုဖြစ်ပါသည်။08 30 2017 School

 

ဒုက္ခသည်စခန်းအကုန်လုံးတွင်ရှမ်းအမျိုးသားကျောင်း ရှိပြီး စစ်ပြေးဒုက္ခသည် များသာမကရှမ်းပြည်နယ်အသီးသီး မှ ပို့လာသော မိဘမဲ့ကလေးနှင့် ချို့တဲ့သောသူများ ကိုတာဝန်ယူထားသည်။ လက်ရှိ လွိုင်တိုင်းလျန်း အမျိုးသားကျောင်းတွင်ကျောင်းသားကျောင်းသူ ပေါင်း ၇၀၀ ကျော် ရှိနေသည်။

 

အဆိုပါခလေးများအတွက်အဟာရပြည့်၀ သည့် အစားအစာများပေးကျွေးရေးနှင့်စာသင်ကြားပေးမည့် ဆရာ၊ဆရာမများ လိုအပ်နေမှုမှာလည်း ဒုက္ခသည်များ ကြိုးပမ်းရမည့် စိန်ခေါ်မှုဖြစ်နေသည်။ အလားတူ ကျောင်းသင်ထောက်ကူပစ္စည်းများ၊ ဆရာဖြစ်သင်တန်းများ၊သင်ရိုးညွန်းတမ်း မွမ်းမံရေး ပြုလုပ်နိုင်ရန်အတွက်လည်း စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

 

စဉ်

ဒုက္ခသည်စခန်း

ကျောင်း(အတန်း)

ကျောင်းသား အရေအတွက်

ဆရာ/မ အရေအတွက်

ကောင်းမုံမိန်း

၄၅

လွိုင်တိုင်းလျန်း

၇၁၀ ၄၈

လွိုင်လမ်

၃၉

လွိုင်ဆမ်ဆစ်

၂၀

လွိုင်ကော်ဝမ်း

၂၁၉
 

စုစုပေါင်း

,၀၃၃ ၆၅

 

           - ကုန်းကျော် ဒုက္ခသည်စခန်းက စိန်ခေါ်မှုများ

တခြားသော IDPs စခန်းများကဲ့သို့ပင် ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ်အတွင်းရှိကုန်းကျော် ဒုက္ခသည်စခန်း တွင်လဲစိုက်ပျိုး မြေရှားပါး သည့်အခက်အခဲ နှင့်ကြုံနေရပါသည်။ စခန်းပြင်ပထွက်ပြီး အလုပ်လုပ် ခွင့်မရပေ။ ဆေးကုသမှုလိုအပ်သောဒုက္ခသည်များမှာ ဝိန်းဟိုင် ထိုင်းဆေးရုံ သို့ဆေးကုသမှုခံ ယူဖို့ကိုတစ်နာရီကြာ ကားမောင်းသွားရပါသည်။ ကျောင်းတက် နေသော ကလေးများ မှာထရပ်ကားများနှင့်စခန်းမှထွက်ရပါသည်။

 

IDPs နှင့် ဒုက္ခသည်များ နေရပ်သို့မပြန်နိုင်သေးသော အကြောင်းရင်းများ

၂၀၁၁ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်တချို့ ဦးသိန်းစိန်အစိုးရနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး လိုက်ကတည်းကနိုင်ငံတကာအလှူရှင်များက ထိုင်း-မြန်မာနယ်စပ်ရှိဒုက္ခသည် စခန်းများကို အကူအညီစတင်ဖြတ် တောက် ခဲ့သည်။

 

RCSS/SSA သည် ၂၀၁၁တွင်နှစ်ဦးနှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ်အပြင် ၂၀၁၅ တွင်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် ပါလက်မှတ်ရေးထိုးထားသော်လည်း အခြေအနေအမျိုးမျိုး ကြောင့်  ဒုက္ခသည် များ ထိုင်း-မြန်မာနယ်စပ် မှမိမိနေရပ်သို့မပြန်နိုင်ကြသေးပေ။

 

       - ရှမ်းပြည်နယ်အတွင်း ဆက်လက် ထိုးစစ်ဆင်မှုများ

 ၁၉၉၆-၁၉၉၈တွင်ရှမ်းပြည် အလယ်ပိုင်းမှ ဒေသခံလူထုအားအတင်းအကျပ်နေရာရွှေ့ပြောင်းခိုင်းပြီးနောက် အစိုးရစစ်တပ် သည် အင်အား အဆမတန်တိုးချဲ ကာနေရာယူလာခဲ့သည်။

 

08 30 2017 BA 1996

  08 30 2017 BA 2006

 

 

 

 

 

 

 

၂၀၁၁ တွင် ၁၄ ခုမြောက်စစ်ဌာနချုပ်တစ်ခုဖြစ်လာသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏နေရာသည်၁၉၉၆-၁၉၉၈ ခုနှစ်က ထိုဒေသမှလူထုအား အတင်းအကျပ်နေရာရွှေ့ပြောင်းခိုင်းသောဒေသ၏ ဗဟိုချက် နမ့်စန်မြို့နယ် ခိုလမ်တွင် တည်ဆောက်ခဲ့ပါသည်။ ထိုစဉ်ကာလကျေးရွာအဆင့်သာရှိသော ခိုလမ်မှာ လက်ရှိတွင် တပ်ရင်းပေါင်း ၂၇ရင်းဖြင့်အထူးစစ်ဆင်ရေးနယ် အခြေစိုက်စစ်တိုင်းရုံးဖြစ်လာခဲ့သည်။

 

၂၀၁၂ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် RCSS/SSA သည်လင်းခေးမြို့နယ်မှ ဟိုမိန်း နှင့်မုန်းထ မြို့နယ်ခွဲတွင်ဌာနချုပ်ရုံးစိုက်ရန် ဖော်ပြထားသော်လည်း အစိုးရစစ်တပ်မှတပ်ရုတ်နေရာရွှေ့ပေးမှုမရှိသဖြင့် RCSS/SSA ဌာနချုပ်ကိုလွိုင်တိုင်းလျန်း၌သာဆက်လက် ထားရှိခဲ့သည်။

 

- အစိုးရစစ်တပ်၏ တိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ

ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့နှစ်ဖွဲ့စလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးထားသော်လည်း အစိုးရ၏စစ်တပ်သည်၎င်းတို့အား အကြိမ်ရာချီ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ RCSS/SSA သည် ၂၀၁၅တွင်ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်းကနေ့တိုင် ဟိုပုံး မိုင်းပျဉ်း နှင့် မိုင်းကိုင်နယ်တစ်ဝိုက် တို့တွင်တိုက်ပွဲ များဆက်လက် ဖြစ်ပွားနေတုန်းပင်ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသောဒေသများတွင်ဒေသခံအရပ်သားများမှာ အစိုးရတပ်မတော်၏လူ့အခွင့်အရေးချိုးဖောက်မှုများကိုခံရဆဲ ပင်ဖြစ် သည်။ ဥပဒေ မဲ့သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်း၊မုဒိန်းကျင့်ခြင်းများ ဆက်လက်ကျူးလွန်နေဆဲပင်ဖြစ်သည်။ ၂၀၁၇ ခု ဇူလိုင်လကစပြီး ဟိုပုံးမြို့နယ်အတွင်းတွင် အထူးစစ်ဆင်ရေးနယ်မြေသဖွယ် တပ်ရင်း ၈ရင်းဖြင့်လှုပ်ရှားကာ ဟိုပုံးမြို့တစ်ဝိုက်ရှိ ဒေသခံလူထုအားဖမ်းဆီးစစ်ဆေးရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်။

 

- နေရပ်ရင်များ သိမ်းပိုက်ခံရခြင်း


၁၉၉၆-၁၉၉၈အတောအတွင်း အစိုးရစစ်တပ်မှအတင်းအကျပ် ရွှေ့ပြောင်းခိုင်းလိုက်သောရွာပေါင်း ၁၄၀၀ ကျော် မှ ရာ ချီသောရွာ များမှာ မရှိတော့ပေ။ အများစုမှာဘုန်းကြီးကျောင်း နှင့်နေအိမ်များ ယိုယွင်း ပျက်စီးသွားပြီဖြစ်သောကြောင့်ရွာပျောက် တောပေါက်သွားခြင်း၊အစိုးရစစ်တပ်ရန်ကိုကြောက်နေဆဲဖြစ်ခြင်းတို့ကြောင့် မိမိနေရပ်ရင်းသို့ပြန်လည် အခြေချ ရန် စိုးရွံ့နေကြသည်။08 30 2017 Village forced relocation

 

ဥပမာ-အတင်းအကျပ်ရွှေ့ပြောင်းခိုင်းသောမြို့နယ် ၁၁ နယ်ထဲမှ တစ်နယ်ဖြစ်သောမိုးနဲမြို့နယ်တွင် ၁၉၉၆ မတိုင်ခင်အထိ ရွာပေါင်း ၂၂၄ ရွာရှိခဲ့ဖူးသည်။သို့သော် ယခုအခါတွင်၈၃ ရွာ သာကျန်ရှိတော့ပြီး၎င်းထဲမှ ၂၇ ရွာမှာနောက်ပိုင်းမှ တည်ရှိ လာသောရွာသစ်ဖြစ်သည်ဟု လဝကရုံးမှ သိရပါသည်။ ၁၄၁ ရွာမှာဖျက်ဆီးခံရသည့် သဘောပင် ဖြစ်သည်။

 

ဥပမာ “ဝ”ပြန်လည်နေရာချထားရေးအတောအတွင်း မိုင်းဆတ်အရှေ့ဖက်မှ ထွက်ပြေးလာသောဒုက္ခသည်များ၏ အိမ်များမှာ ‘ဝ’တပ်၏ထိန်းချုပ်မှုလက်အောက်တွင်ရောက်ရှိနေပြီဖြစ်သည်။ အရင်တုန်းကရှမ်းရွာများ ဖြစ်သောမိုင်းကန်ချိုင့်ဝှမ်း ဒေသမှာ ဝထိန်းချုပ်မှုအောက်အပြီးအပိုင်ရောက်ရှှိသွားပြီဖြစ်သည်။

 

ဧရာမစီမံကိန်းကြီးများကြောင့် လယ်ယာမြေဆုံးရှုံးရန် ခြိမ်းခြောက်ခံရခြင်း


 အစိုးရ၏ရေကာတာနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းစီမံကိန်း၏ နောက်ကွယ်တွင်ဒုက္ခသည်များ၏ ကျေးလက်နေအိမ်များ ပျက်စီးဆုံးရှုံး သွားမည်ဖြစ်သည်။

 

ဥပမာ-ထိုင်းနှင့်တရုတ်ဖက်စပ်ကုမ္ပဏီမှသံလွင်မြစ်ပေါ်အထက်မိုင်းတုံရေကာတာတည်ဆောက်ကာ ရရှိလာမည့် လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံကို ပြန်လည်ရောင်းမည့် ဧရာမစီမံကိနးကြီးအကောင်အထည်ဖော်နိုင်ခဲ့ ပါကသံလွင်မြစ် လက်တက်တ ခုဖြစ်သောကွန်ဟိန်းမြို့နယ် နမ့်ပန်ချောင်းတစ်လျှောက် မြို့ရွာများရေအောက်ရောက်သွား မည်ဖြစ်သည်။ ၁၉၉၆-၁၉၉၈ တွင် လူဦးရေ ၅၀၀၀၀ ခန့်ကို ထိုနေရာမှ အတင်းအကျပ်နေရာ ရွှေ့ထားခိုင်းပြီးဖြစ် သည်။ဆည်ကြီးတည်ဆောက်ဖြစ်ပါကဒုက္ခသည်များနေရပ်သို့ပြန်လာနိုင်တော့မည်မဟုတ်။08 30 2017 Mong Ton Dam

 

အလားတူပင်အစိုးရစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့်အီတလီ-ထိုင်းပါဝါကုမ္ပဏီတို့၏ မိုင်းခုတ်၊ မိုင်းဆတ် တွင် တူးဖော်မည့်လီကနိုက်(lignite) သတ္တုတွင်းနှင့် ကျောက်မီးသွေး စီမံကိန်းကြီးများကအနီးနားရှိ ရှမ်း ၊ လားဟူ၊ အာခါ လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့် ရွာများမှာပျောက်သုဉ်းပျက်စီးသွားမည်မှာမလွဲပေ။

 

အစိုးရစစ်တပ်၏ဖမ်းဆီးလူ့အခွင့်အရေးချိုးဖောက်မှုကြောင့်လွိုင်ကော်ဝမ်းဌာနသို့ထွက်ပြေး ခိုလှုံလာသော မိုင်းခုတ်မြို့နယ်ခွဲမှအရပ်သားများ ထိုစီမံကိန်းကြီးအကောင်အထည် ဖော်ဆောင်အောင်မြင်သွားပါက အလား တူပင် နေရပ်သို့ ပြန်နိုင်မည် မဟုတ်ပေ။ အဆိုပါ စီမံကိန်းသည်ထိုင်းနိုင်ငံရှိ မြစ်မကြီးတစ်ခုဖြစ်သော နမ့်ခုတ်မြစ်အားအဆိပ်သင့်ညစ်ညမ်းစေသည်ဟုဆိုကာ ထိုင်းနယ်စပ် ဒေသခံများ အာဏာပိုင်များ ကန့်ကွက် သောကြောင့်  စီမံကိန်း ၆ နှစ်ကြာ ရပ်ဆိုင်းသွားခဲ့ပြီး ၂၀၁၇ သြဂုတ်လတွင် စီမံကိန်း ပြန်လည်စတင်လည်ပတ် လာပြီဖြစ်သည်။ ရွာသားများကိုတော့တူးဖော်ရေးလုပ်ငန်းခွင်နှင့်ဝေးဝေးနေရန်ပြောခဲ့ သည်။08 30 2017 Mong Kok

 

နိဂုံး

 

ထို့အတွက်ကြောင့်အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသော်လဲထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များနေရပ်ရင်းသို့ပြန်ဖို့မဖြစ်နိုင်သေးပါ။အစိုးရစစ်တပ်မှ RCSS/SSA နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကိုလိုက်နာခြင်းမရှိပဲ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းတပ်နေရာတိုးချဲ့ခြင်းများဆက်လက်လုပ်ေ ဆာင်နေသည်။ အရပ်သားများကိုလည်းဒုက္ခပေးနေဆဲပင်ဖြစ်သည်။

 

ရာနှင့်ချီသော စစ်ပြေးဒုက္ခသည်များ၏ရွာများပျက်စီးပျောက်ကွယ်သွားပြီကတစ်ကြောင်း၊ အစိုးရစစ်တပ်၊ပြည်သူ့စစ်နှင့် ၀ စစ်တပ်သို့တပ်စွဲနေတာကတစ်ကြောင်းဒုက္ခသည်များနေရပ်သို့ပြန်ရန်မဖြစ်နိုင် သေးပေ။

စစ်မှန်သောတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ အစိုးရစစ်တပ်များဆုတ်ခွာရေးနှင့်နိုင်ငံရေးနည်းလမ်းနှင့် နည်းစနစ် ကျကျ ဖြေရှင်းမှုမရှိသေးပါကစစ်ပြေးဒုက္ခသည်များ နေရပ်သို့ပြန်ရဲသေးမည်မဟုတ်။

 

စစ်ပြေးဒုက္ခသည်များစိတ်ဆန္ဒအတိုင်းနေရပ်သို့လုံလုံခြုံခြုံနှင့် ဂုဏ်သိက္ခာရှိရှိပြန်နိုင်လောက်သည့်အချိန်အထိ နိုင်ငံတကာအလှူရှင်များမှ ဆက်လက်ကူညီထောက်ပံ့မှုများပေးသွားရန် အကြံပြု ပါသည်။

 

ဆက်သွယ်ရန်
 
လုံးစိုင်းလင်း         +66:(0) 86-188-9827
 
လုံးစိုင်းပိန်း          +66:(0) 82-181-4891
 
လုံးစံစိုင်း             +66:(0) 97-939-8350
 
နန်းဆိုင်အိမ်         +66:(0) 97-968-9572
 
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်
 
နန်းစံတောင်း        +66:(0) 81-603-6655
 
စိုင်းဟော်ရှဲန်         +66:(0) 62-941-9600
 
စိုင်းကွန်းလျောင်း    +66:(0) 94-643-4230
 
<< ရှမ်းပြည်ဒုက္ခသည်များကော်မတီမှ နိုင်ငံတကာအဖွဲ့အစည်းများသို့ အရေးပေါ်မေတ္တာခံချက် PDF Files >>
 
<<SHRF update PDF Files>>
 

Videos

More Videos
Watch the video