ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​မိုင်း​ရင်​ကျေး​ရွာ​အုပ်​စု​တွင် ​အ​စိုး​ရ​တပ်​မ​တော်​က​လယ်​သ​မား၃​ဦး​ကို​ရိုက်​နက်၊ ​တစ်​ဦး​ကို​သေ​နတ်​ဖြင့်​ပစ်။

ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​မိုင်း​ရင်​ကျေး​ရွာ​အုပ်​စု​တွင် ​အ​စိုး​ရ​တပ်​မ​တော်​က​လယ်​သ​မား၃​ဦး​ကို​ရိုက်​နက်၊ ​တစ်​ဦး​ကို​သေ​နတ်​ဖြင့်​ပစ်။

 

ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ နောက်ဆုံးရ သတင်း ( စာအမှတ် ၉၊ ၂၀၁၆)

ဒီဇင်ဘာလ ၆ ရက်နေ့ ၂၀၁၆

ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​မိုင်း​ရင်​ကျေး​ရွာ​အုပ်​စု​တွင် ​အ​စိုး​ရ​တပ်​မ​တော်​က​လယ်​သ​မား၃​ဦး​ကို​ရိုက်​နက်၊ ​တစ်​ဦး​ကို​သေ​နတ်​ဖြင့်​ပစ်။

​၁။အ​သံ​ကျယ်​စွာ​စ​ကား​ပြော​သည့်​အ​တွက်​ရွာ​သား၃​ဦး​နှိပ်​စက်​ခံ​ရ

            ​နို​ဝင်​ဘာ၁၃​ရက်​နေ့၂၀၁၆​တွင်​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​မိုင်း​ရင်​ကျေး​ရွာ​အုပ်​စု ​အီ​နိုင်း​ကျေး​ရွာ ​အုပ်​စု​ရှိ​ကုန်း​ပေါင်း​ကျေး​ရွာ​တွင် ​အ​စိုး​ရ​တပ်​မ​တော်​ခ​လ​ရ ၁၁၉ ​က​အ​သက်၁၆​နှစ်​အ​ရွယ်​ရှိ ​ကောင်​လေး​တစ်​ယောက်​အ​ပါ​အ​ဝင်​ရွာ​သား၃​ဦး​ကို ​ပြင်း​ထန်​စွာ ​ရိုက်​နက်​သည်။

            ​နို​ဝင်​ဘာ၁၁​ရက်​နေ့၂၀၁၆​တွင်​မ​န္တ​လေး​အ​ခြေ​စိုက်​အ​စိုး​ရ​တပ်​မ​တော်​တပ်​မ ၃၃​လက်​အောက်​ခံ ​ခ​လ​ရ ၁၁၉ ​သည် ​ဝမ်​ဆမ်​မိုင်း​ရွာ ​မှ​လား​ရှိုး​မြို့​မြောက်​ဘက်​သို ့​စစ်​ယာဉ်​တန်း​ဖြင့်​ရှေ့​တန်း​ထွက်​လာ​ရာ​အီ​နိုင်​ကျေး​ရွာ​တွက် ​ကာ​ရပ်​ပြီး၁၀​မိုင်​ခန့်​ကွာ​ရှိ​မိုင်း​တောင်​ဆီ​လမ်း​လျှောက်​ကာ ​ည​နေ၆​နာ​ရီ​တွင်​ရောက်​ရှိ​လာ ​သ​ဖြင့်​ထို​နေ​ရာ​၌ ​တစ်​ည​ထိ​အိပ်​စက်​ခဲ့​သည်။​နို​ဝင်​ဘာ၁၂​ရက်​တွင်​ကုန်း​ပေါင်း​ကျေး​ရွာ​ဆီ​သို့​ဆက်​လျှောက်​ပြီး​ရွာ​ထဲ​တွင်​တစ်​ည​နေ​ခဲ့​သည်။

            ​နို​ဝင်​ဘာ၁၃​ရက်​နေ့​တွင် ​မ​နက်၈​နာ​ရီ​အ​ချိန် ​အ​စိုး​ရ​တပ်​မ​တော်​တပ်​သား​တစ်​ချို့​သည် ​ရွာ​တစ်​ဝိုက်​တွင် ​လုံ​ခြုံ​ရေး​ယူ​ရာ​အိမ်​တစ်​အိမ်​တွင် ​ရွာ​သား၃​ယောက်​စ​ကား​ပြော​နေ​သည်​ကို​ကြား​သည်။ ​ရွာ​သား၃​ဦး​မှာ​လုင်း​လှ​ဝင်း (​အ​သက်၆၄)၊ ​စိုင်းညွန့် ( ​အ​သက်၂၅ ) ​နှင် ့​စိုင်း​ထွန်း ( ​အ​သက်၁၆ )။ ​လုင်း​လှ​ဝင်း​နား​လေး​သော​ကြောင့်​သူ​တို့​က ​အော်​၍ ​ပြော​သည်။ ​သူ​တို့​မိုင်း​ရင်​သို ့​ခ​ရီး​သွား​မည့် ​အ​ကြောင်း​သာ​ပြော​သည်။ ​စစ်​သား​များ​က ​ထို​ရွာ​သား​များ​သည် ​ရှမ်း​စစ်​သား​ဆီ​သို့ ​အ​စိုး​ရ​စစ်​သား​၏ ​လှုပ်​ရှား​မှု​အ​ကြောင်း၊ ​သူ​တို့​ခ​ရီး​သွား​ရာ​လမ်း​တွင်​မြေ​မြှပ်​မိုင်း​ထောင်​နိုင်​ရန် ​သ​တင်း​ပို့​ဖို့​ကြိုး​စား​နေ​သည် ​ဟု​စွပ်​စွဲ​ပြီး့​သူ​တို့​ကို ​ရိုက်​နှက်​ပါ​တော့​သည်။ ​သူ​တို့​သည် ​ရွာ​သား​များ​ဖြစ်​ကြောင်း​ရွာ​သူ​ကြီး​လာ​ရောက်​လက်​မှတ်​ထိုး​ပြီး​ချိန် ​မှ ​သာ​ပြန်​လည်​လွတ်​မြောက်​သည်။

12 6 2016 Win   12 6 2016 1  12 6 2016

 အ​ရိုက်​ခံ​ရ​သော​လယ်​သ​မား၃​ဦး​၏ ​အ​သေး​စိတ်​အ​ချက်​အ​လက်​ကို ​အောက်​ပါ​အ​တိုင်း​ဖော်​ပြ​ထား​သည်။

စဉ်။   

​အ​မည် အ​သက် ​ဇာ​တိ​ရွာ ​နှိပ်​စက်​မှု​ကြောင့်​ရ​ရှိ​သော​ဒဏ်​ရာ
၁။ ​လုင်း​လှ​ဝင်း

၆၄

​​ကုန်း​ပေါင်း​ကျေး​ရွာ​တွင်​လာ​ရောက်​အ​လုပ်​လုပ်​လျက်​ရှိ​သော​န​မ္မ​တူ​ဇာ​တိ         

                            

​ပါး​စပ်​တွင်​အ​ရိုက်​ခံ​ရ​သော​ကြောင့်​သွား​တစ်​ချောင်း​ကျိုး​ကျ​ရာ​ပါး​စပ်​ထဲ​တွင်​သွေး​များ​စွာ​ထွက်​သည်။
၂။ ​စိုင်း​ညွန့် ၂၅ လား​ရှိူး​မြို့​ရှိ​ပူ​တာ​ရပ်​ကွက်​မှ​ကုန်း​ပေါင်း​ကျေး​ရွာ​သို့​ပြောင်း​ရွေ့​လာ ​ခေါင်း​ပိုင်း​တွင်​ခြေ​ထောက်​ဖြင့်​အ​ကန်​ခံ​ရ​သော​ကြောင့်​ဘယ်​ဘက်​နား​ရွက်​မှာ​အ​လျား​လိုက်​ပေါက်​ဗြဲ
၃။ ​စိုင်း​ထွန်း ၁၆ ကုန်း​ပေါင်း​ရွာ ​လက်​နောက်​ပြန်​ချည်​နှောင်​ခံ​ရ​ပြီး​သူ့​ခေါင်း​သွေး​ထွက်​သည်​ထိ​ရိုက်​နှက်​ခံ​ရ​သည်။

      

   ​ကုန်း​ပေါင်း​ရွာ​တွင် ​အိမ်​ခြေ ၂၀​ကျော်​ရှိ​ပြီး ​ထို​ရွာ​တွင်​က​ချင်၊ ​လိ​စော၊ ​လား​ဟူ​နှင့်​ရှမ်း​တို့​နေ​ထိုင်​လျက်​ရှိ​သည်။​ကုန်း​ပေါင်း​ရွာ​သည် ​လား​ရှိုး​မြို့​၏​အ​နောက်​မြောက်​ဘက်​မိုင်း​ယော်​၏ ​အ​ရှေ့​တောင်​ဘက်​တွင် ​တည်​ရှိ​သည်။ ​ထို​နေ​ရာ​တွင်​လက်​နက်​ကိုင်​ပေါင်း​စုံ၊ ​ရှမ်း​ပြည်​တိုး​တက်​ရေး​ပါ​တီ​ရှမ်း​ပြည်​တပ်​မ​တော်( SSPP/SSA )၊ ​အ​စိုး​ရ​ပြည်​သူ့​စစ် ​နှင့်​အ​စိုး​ရ​တပ်​မ​တော်​အ​ပါ​အ​ဝင်​တပ်​များ ​ရှိ​သည်။

​၂။လယ်​သ​မား​များ​အိမ်​ပြန်​ချိန်​တွင်​သေ​နတ်​ဖြင့်​ပစ်​သတ်​ခံ​ရ

          ​နို​ဝင်​ဘာ​လ၁၆​ရက်၂၀၁၆​တွင် ​အ​စိုး​ရ​တပ်​မ​တော်​တပ်​ရင်း ၆၉​ဟာ ​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​မိုင်း​ရင်​ကျေး​ရွာ​အုပ်​စု ​မိုင်း​ဘား​ကျေး​ရွာ​အုပ်​စု​ရှိ ​ဝမ်​စတ်​ကျေး​ရွာ​အိမ်​သို့​ပြန်​လာ​သော ​အ​သက်၄၀​ရှိ​လယ်​သ​မား​တစ်​ဦး​ကို ​သေ​နတ်​ဖြင့်​ပစ်​သည်။

          ​ထို​နေ့​တွင် ​အ​စိုး​ရ​တပ်​မ​တော်​တပ်​ရင်း ၆၉ ​ဖြစ်​သည် ့​တပ်​သား​အ​ယောက်၅၀​ယောက်​သည် ​သိ​န္ပီ​မြို့​မှ​မိုင်း​ပိုင်း​သို့​လာ​ပြီး ​ဝမ်​ကျက်​ကျေး​ရွာ​ရှိ ​တပ်​စ​ခန်း​တွင်​နေ​သည်။

          ​မွန်း​လွှဲ​ပိုင်း၃း၃၀​မိ​နစ် ​အ​ချိန်​တွင် ​အ​သက်၄၀​ရှိ​စိုင်း​အိုက်​ဆိုင်​သည် ​တော​က​ပြန်​လာ​ရာ ​သူ့​ရွာတွင် ​အ​စိုး​ရ​တပ်​မ​တော်​တပ်​က ​ကင်း​စောင့်​နေ​သည် ​ကို​သူ​တွေ့​သည်။ ​စစ်​သား​များ​က​သူ့​ကို​သေ​နတ်​ဖြင့်​စ​တင် ​ပစ် ​သ​ဖြင့်​သူ့​ညာ​ဘက်​ပေါင်​တွင်​သေ​နတ်​မှန်​ခဲ့​သည်။ ​သူ့​ဆွေ​မျိုး​များ​က​သူ့​ကို ​လား​ရှိုး​ဆေး​ရုံ​တွင်​ကု​သ​ရန်​ပို့ ​ဆောင်​ခဲ့​ရ​သည်။

12 6 2016 Map

ဆက်​သွယ်​ရန်။

​စိုင်း​ဟော်​ရှဲန် +၆၆၂-၉၄၁-၉၆၀၀

​နန်း​လွန့်​လှိုင်း +၆၆၂-၈၃၈-၉၀၂၉

PDF >>> Shan/ Burmese / English 

Videos

More Videos
Watch the video